Monday, January 12, 2009

ကွမ်းနုက ၀ါဝါ

ညတုန်းက ဘောလုံးပွဲတစ်ညလုံးကြည့်မယ်ဆိုပြီး အစ်ကိုလုပ်သူကို ညီမဖို့ကွမ်းယာအဆိမ့် 200ဖိုးဝယ်လာပေး
ခဲ့ဆိုပြီး မှာခဲ့လိုက်တယ်။တကယ်တမ်းတော့ ဘာဘောလုံးပွဲမှလဲ မကြည့်နိုင်တော့ပါဘူး၊မနေ့က တစ်နေ့လုံး မနက် ၇ ကနေတက်ရတဲ့ သင်တန်းဟာ ည ၈ နာရီမှပြီးတယ်။အင်တာနက်လေးခဏလာသုံးပြီးပြန်၊ကွမ်းလေး နှစ်ယာလောက်လဲ ၀ါးပြီးရော၊လူက ကျိုးသွားပြီ။မရတော့၊သွားတိုက်ပြီး အိပ်လိုက်ရတယ်။ကိုယ်လဲ ကွမ်းမစားတာကြာပြီးကာမှ ပြန်စားဖြစ်တော့ အရင်တုန်းက ဆေးလိပ်နဲ့လူများဆိုတဲ့ ပိုစ့်တစ်ပုဒ်ရေးဖူးတုန်းက သူငယ်ချင်းက "လုပ်ပါဦးကွမ်းအကြောင်းလေးလဲ နဲနဲပါးပါး.." လို့ပြောဖူးထားခဲ့တာ သတိရမိတယ်...။နဲနဲပါးပါးပဲ ရေးမယ်နော်..။အများကြီးဖတ်နေရရင် ပျင်းနေမှာ မြင်ယောင်ပြီး အားနာလို့..။


ကွမ်းစားတဲ့ မိသားစုကကြီးလာခဲ့တာ....

အမေက အဖေဆုံးပြီးနောက်ပိုင်း အသက် ၄၀ အရွယ်ထဲက ဆေးလိပ်ကိုစွဲစွဲမြဲမြဲသောက်ခဲ့တာ။နင့်အဖေက ပြောဖူးတယ်။ငါ့ကိုသာပြတ်မယ်။ဆေးလိပ်ကိုတော့ မပြတ်နိုင်ဘူးတဲ့။ဒါပေမယ့်လဲ သေမယ့်ရောဂါရလာတော့
ဆေးလိပ်လဲပြတ်ခဲ့ရတာပါပဲ...ခုတော့ သူပြတ်တဲ့ဆေးလိပ်ကို ငါကဖြတ်မရတော့ဘူးလို့ ပြောတတ်တယ်..။
လွမ်းနေလို့များ ပြောတာလားလို့ကျမခုမှစဉ်းစားမိတယ်..။

နောက်တော့ ကျမအသက် 11 နှစ်မှာ ပုသိမ်ဆေးရုံမှာ ၂ လလောက်ဆေးရုံတက်ရတယ်။အဲ့တော့မှ အမေလဲ ဆေးလိပ်ပြတ်သွားတော့တယ်။ဆရာဝန်တွေဆဲမှာကိုသူကြောက်ပုံရတယ်။ဆေးရုံစတက်ခါစရက်တွေတုန်း
ကတော့ သူအပြင်ကိုထွက်ထွက်ပြီးခိုးခိုးသောက်ရှာတယ်။နောက်တော့ ကျမရောဂါကသည်းလာတော့ သူလဲ
ဆေးလိပ်သောက်ဖို့တောင် သတိမရတော့ဘူးထင်ပါ့ရဲ့..။အဲ့ဒိတုန်းကများဘယ်လောက်ထိဝမ်းနည်းဖို့
ကောင်းနေလိုက်မလဲ။အဖေ့တုန်းကလဲ ပုသိမ်ဆေးရုံရဲ့ နား၊နှာခေါင်း၊လည်ချောင်း ၀ါဒ့်မှာပဲတက်ခဲ့ရတာ။
ကျမကျတော့လဲ အဲ့ဒိဝါ့ဒ်မှာပဲ။တစ်ယောက်နဲ့တစ်ယောက်က ၇ နှစ်လောက်ပဲခြားတယ်..။အမေဟာ
ဘယ်လောက်ခြောက်ခြားနေလိုက်မလဲ။ဒီစာရေးနေရင်းက စဉ်းစားမိတယ်။

အဲ့ဒိသောကတွေကြောင့်ပဲထင်ရဲ့၊အမေလဲဆေးလိပ်လုံးလုံးပြတ်သွားတော့တာပဲ။ဒါပေမယ့်ကျမလဲဆေးရုံဆင်း
ပြီးရောဆေးလိပ်အစားထိုးပစ္စည်းကရောက်လာတော့တာပါပဲ..။.........ကွမ်း............။

ပုသိမ်ကအပြန်၊လွန်ခဲ့တဲ့ 13 နှစ်လောက်ထဲက ပုသိမ်ရွှေမုဠောဘုရားမှာဝယ်ခဲ့တဲ့ ကွမ်းအစ်ကြီးကခုချိန်ထိ
အိမ်မှာခန့်လို့၊ထည်လို့...။ထုံးတွေကလဲ အထစ်လိုက်၊အရစ်လိုက်နဲ့....။အမေ့သား၊ကျမအစ်ကိုလတ်ကလဲ
အင်မတန်ကွမ်းစားပါတယ်။သားအမိနှစ်ယောက် သိပ်လဲလိုက်ဖက်ညီတယ်။အမေလုပ်ပါဦး..တစ်ယာလောက်ဆို
လက်ထဲရောက်ပြီးသား။နောက်တော့ သူ့သားကမိန်းမလဲပိုးရော(လွန်ခဲ့တဲ့ ၃နှစ်လောက်က)သူပိုးတဲ့မိန်းကလေး
(ခုသူ့မိန်းမဖြစ်နေပါပြီ)ကကွမ်းမစားရဘူး၊ဘာဘူး၊ညာဘူးတွေလုပ်တယ်ထင်ပါ့။သူ့သားက ကွမ်းအစ်ကို
လှည့်မကြည့်တော့လို့ဆိုပြီး ကျမအမေမှာ ၀မ်းနည်းလိုက်ရတာ။
ကျမက အမေရယ်အမေ့သားအဲ့ကောင်မလေးကိုရကြည့်..ပြန်စားမှာ စိတ်မပူနဲ့လို့ကို ဖျောင်းဖျရတယ်။သူ့သားက မိန်းမစကားနားထောင်တာနဲ့ တစ်သက်လုံးစားလာတဲ့ကွမ်းကိုတောင်ဖြတ်ပြီလို့ ထင်ပြီးအမေက၀မ်းနည်းတာ။
ခုတော့လဲဒုံရင်းကဒုံရင်းပါပဲ..။ကလေးတစ်ယောက်လဲရပြီ။သူ့သားလေးကိုကွမ်းရွှက်ယူခိုင်း၊ကွမ်းသီးယူခိုင်းတဲ့
ဲ့အထိက ပြန်စားနေပီ။ခုတော့လဲ သားအမိနှစ်ယောက်ပြန်အဆင်ပြေနေကြပုံပဲ..။
ကျမက အမေရယ်..အသက်လဲကြီးပြီ..ကွမ်းစားတာလေးလျှော့ပါဦးဆို..အိုညည်းအေ..ကွမ်းစာတာက ဘာဥပါဒ်မှ
မဖြစ်ပါဘူး။အလွန်အကျွံမှမဟုတ်တာ..။ရုပ်လဲမဆိုးဘူး၊ဆေးလိပ်လို အနံ့လဲမထွက်ဘူး။ကြိုက်တတ်ရင် ကွမ်းနံ့က
မွှေးတောင်မွှေးသေးတယ်..ဆိုပဲ။တကယ်လဲ အမေကကွမ်းကို နှစ်နှစ်ခြိုက်ခြိုက်စားတာပါ..။
ကျမတစ်ခေါက်တစ်ကျင်းပြန်လို့ စားချင်တယ်ဆိုလဲ ဈေးသွားတာနဲ့ စမုံစပါးတွေ၊ဖာလာတွေ၊လေးညှင်းတွေ ၀ယ်ချလာပြီး ကျွေးတော့တာ...။ကျမစိတ်ထင် အမေယာကျွေးတဲ့ကွမ်းက တခြားကွမ်းတွေထက် ပိုဆိမ့်တယ်
လို့ထင်တယ်..။

ဧရာဝတီသူနဲ့ ကွမ်းယာဆိုတာခွဲမရတတ်ပါဘူးနော်....။

ကွမ်းစားတဲ့သူငယ်ချင်းတွေ....

ကျမသူငယ်ချင်းတွေထဲမှာ ကွမ်းစားတတ်တဲ့သူ မရှိသလောက်ပါပဲ။ဟိုတစ်လောက စင်ကာပူကပြန်လာတဲ့
ကောင်ကဟာဖိုးဒီနင်ဟာလေ..မရှက်ဘူးလား..ပါးစပ်ကလဲ အရဲလိုက်နဲ့တဲ့ ဆိုပြီးကဲ့ရဲ့တာတောင်ခံရသေးတယ်။သူကတော့ ဘုရားစူးယောက်ျားလေးပါ..။နောက်ထပ်ကွမ်းစားတဲ့သူ ဘယ်သူတွေရှိမလဲ။
နယ်က ဘော်ဒါတွေအကုန်လုံးကတော့ စားကြတယ်။ဘလောဂ့်ဂါတွေထဲမှာဆို တောကျောင်းဆရာလဲစားတယ်၊
မောင်မျိုးလဲ စားတယ်(ထင်တယ်)ကိုငြိမ်းစုကြီးလဲ စားတယ်..။ကွမ်းလေးမြုံ့ရင်းမှ စာရေးရတာ ပိုအဆင်ပြေတယ်
ထင်ပါ့...။အိုင်ဒီယာကောင်းတွေထွက်တယ်ထင်ပါ့။

ကားဆရာတွေအတွက်တော့ ကွမ်းဝါးတာက အသက်စောင့်ဆေးတစ်ခုပဲ၊သူတို့က ကွမ်းလေးဝါးနေမှမငိုက်တာဆိုပဲ..။ကွမ်းလေးကြိတ်ကြိတ်ဝါးရင်းကပဲ မိုင်ပေါင်းသောင်းခြောက်ထောင်ခရီးဆန့်ကြတာ...။
သားရေးသမီးရေးရှာရ၊ဖွေရတာ။....။

ကျမအစ်ကို ၀မ်းကွဲတစ်ယောက်က ကျမတို့မြို့မှာ ကွမ်း၊ကွမ်းသီး၊ဆေး၊၄င်းနှင့်အထွေထွေဆိုပြီး ဆိုင်တစ်ဆိုင်
ဖွင့်ထားတယ်..။သူဆီရောက်လဲ ကျမက ကောက်ဝါးလိုက်တာပဲ။သူတော်တော်ပြေလည်နေတာတွေ့တော့
ဟာငါ့အစ်ကိုဘာတွေများဒီလောက်အဆင်ပြေနေလဲဗျ"ဆိုတော့"အင်..နင်ကလဲ..ခုခေတ်မှာကွမ်းမစားရင်
ခေတ်မမှီတော့ဘူးလေ."တဲ့..အင်းဒါလဲဟုတ်တာပဲ..။ကျမတစ်ခါတစ်လေစားလို့ပြောတာမဟုတ်ပါဘူး...ကဲ ခေတ်မှီရအောင် ခုပဲ ကောက်ဝါးလိုက်ကြပါစို့လား..........:)

12 Responses to “ကွမ်းနုက ၀ါဝါ”

Anonymous said...

ကွမ်းလား မုန်းပါတယ်... ပါးစပ်ညစ်ပတ်တယ်.. ပတ်ဝန်းကျင်ညစ်ပတ်တယ်.. သိလား ဒေါ်ရစ်..

ATN said...

ကဲ... အချိုတယာ ... ဆေးစုံတယာ... လုပ်ကွယ်...

Anonymous said...

အမကြီးကလည်း ကိုကြီးမျိုးက မစားပါဘူးဗျ ။
ကွမ်းစားတဲ့လူတွေကို ဦးဥာဏ် နဲ့ တိုင်ပြောမယ် ။

ဟီဟိ အနော် ကွမ်းမစားလို့ လှည့်ပတ်ချွန်တာ :P ။

:P said...

ငယ်ငယ်ကတည်းက ချောင်းဆိုးရင်တောင် ကွမ်းရွက်ပြုတ်ရည်နဲ့လျက်ဆားကို မသောက်ခဲ့တာ..
အနံ့ မကြိုက်လို့ပါ...။ကောက်မ၀ါးပါရစေနဲ့နော်....။

Welcome said...

ရှေးက ကွမ်းစားတယ်ဆိုတာက ကွမ်းရွက်+ထုံး+ရှားစေး လောက်ပဲ စားတာမို့ ပိုသာတဲ့ ရောဂါ မရပါဘူး။
ဒီဘက်ခေတ်ကျတော့ ဆေးတွေလည်းစုံတယ်၊ အနံ့အသက်ကလည်း စုံတယ်။ ထုံးစပ်ထားတာ ကလည်းဆန်းပြားတယ်။ ပိုဆိုးပြီး ကြောက်စရာ ကောင်းတာက ကွမ်းစားဆေးအတု တွေရဲ့ ဆိုးကျိုး အာနိသင်တွေ ဖြစ်တယ်။
ကွမ်းမစားတာတော့ အကောင်းဆုံးပါ။
ပတ်ဝန်းကျင်ကိုလည်း မညစ်ပေစေ သလို၊
သူတစ်ပါးကိုလည်း အနံ့နဲ့ နှိပ်စက်သလို မဖြစ်ဘူးပေါ့နော်။

http://winzaw-mdy.blogspot.com

Anonymous said...

အေးလေ ငါ့ညီးရှင်းသန့်ပြေားသွားပြီး ငါကမစားပါဘူးဟ တစ်မိသားစုလုံးတော့စားတယ် ငါတစ်ယောက်ပဲမစားတာ ၀ါးရလည်းပျင်းတယ် ပြီးတော့ ညစ်ပတ်လို့ ။ ယမှာလည်း ကွမ်းယာဆိုင်မရှိဘူးလေ ဆိုတော့ အဆင်ပြေတယ်း)

ThuHninSee said...

ကွမ်းစားတာ မကြိုက်တဲ့သူအထဲမှာ ထိပ်ဆုံးက။
ကွမ်းတံတွေးတွေ လျှောက်ထွေးထားရင် သိပ်အကြည့်ရဆိုးတာပဲ။ ပါးစပ်လဲညစ်ပတ်။
ထင်တာတွေ ရေးလိုက်ပါတယ်။
စိတ်မဆိုးနဲ့နော်.......

Anonymous said...

အွင်.. မmirrorကြီးက ကွမ်းစားတယ်လား။ ထင်တောင်ထင်ဘူး.. အဟီး..
သားသားလည်းငယ်ငယ်တုန်းကစားတယ်။ ၃ ခါလား၊ ၄ ခါလားပဲ။ ကွမ်းဆိုတာဘာလဲစားကြည့်တာ။ မကြိုက်။
ဝါးရတာညောင်း၊ သွားတွေနီရဲပြီးမကောင်း။ မာမီကတော့ တခါတလေစားတယ်။ သားကသာမစားသာ ၉ နှစ်ပဲရှိသေးတဲ့ သားညီမလေးတောင် မာမီနဲ့အတူလိုက်စားတယ် ပြောလို့လည်းမရ။း(

Anonymous said...

ကွမ်းအစ်စုံရှေ့ချပြီး ၀ါးလည်းဝါးပြောလည်းပြော ယထာဘူတကျကျစကားတွေပြောတတ်တဲ့ ကျနော့အဖွားလေးကို သတိရသွားပြီဗျာ

အင်း...ကွမ်းပြန်စားရင်ကောင်းမလားဘဲ..
အဆွယ်ကောင်းနေတယ်ဆိုတော့...အာမွှေးတယာလောက်ပြန်စားကြည့်ဦးမှ...
တနှစ်လောက်တော့စားဖူးတယ်ကွယ့်....
ပုသိမ်ကိုပြန်ပြီးစားရရင်ပိုကောင်းမှာ....

ခင်မင်လျက်...

ကွမ်းယာ လား.. စားပါဘူး.... ညစ်ပတ်တယ်လေ... စားလိုက် ထွေးထုတ်လိုက် လုပ်နေရတာကြီးကို... ဟိ

အမက ဧရာဝတီသူ ဆိုတော့ ဘယ်ကလဲ...
ခေါင်က ဟင်္သာတ ကမို့လို့...
ရိုးသားကြိုးစား ဧရာဝတီသား ချင်းတွေ့ကြပြီပေါ့ကွာ..

JulyDream said...

ကွမ်းတော့ စားချင်ပါတယ်။ သူများ စားတာတွေ မြင်ပြီးတော့ အချိုအစိမ့်လေးတစ်ခု စားဖို့ ကြိုးစားမိသေးတယ်။ ရှစ်တန်းကျောင်းသား ဘ၀မှာပါ။ ပါးစပ်ထဲမှာ သုံးခါ လေးခါပဲ ၀ါးလိုက်ရပါတယ်။ ကွမ်းရွက်က ထွက်တဲ့အနံ့ကို မခံနိုင်လို့ အန်ချချက်များ ကွမ်းတင် မဟုတ်ဘူး ဗိုက်ထဲမှာ ရှိသမျှ အစာတွေ ရေတွေ အကုန် ထွက်သွားတယ်။ အဲဒီကတည်းက ကွမ်းဆိုရင် ဝေးဝေးပဲ နေခဲ့တော့တာ အခုအသက်အရွယ် အထိပါပဲဗျာ။