Thursday, January 15, 2009

ပျော်ရွှင်စွာ ကြွားခြင်း

ဒီလင့်ခ်ကနေလဲ သွားလို့ရကြောင်းပါ..။
ကြွားတယ်လို့ပဲ သတ်မှတ်ကြပါ။ကျမလတ်တလော ရေးခဲ့တဲ့ပိုစ့်တစ်ခု၊စိတ်နဲ့ကိုယ်နဲ့ ကိုယ်နဲ့စိတ်နဲ့မော...ဒယ်..
ဆိုတဲ့ပိုစ့်ထဲက တချို့စာသားတွေကို ပြည်တွင်းအယ်ဒီတာတစ်ယောက်က တောင်းယူပြီး သူတို့ဂျာနယ်မှာ
ထည့်သွင်းဖော်ပြခဲ့တာပါ။ဒီနေ့မနက်ထွက်ပါတယ်။၅၀၀ ပေးပြီးဝယ်လိုက်ပါတယ်။အခေါက်ပေါင်းမြောက်မြားစွာ
ကျမပြန်ပြန်ဖတ်နေမိတယ်။ကျမရဲ့ပိုစ့်က စာပိုဒ် 2 ပိုဒ်လောက်ပဲယူသုံးထားတာပါ။မြန်မာမိုန်းကလေးတစ်ဦးရဲ့ အမြင်ဆိုပြီး သူသုံးထားတာတွေ့ရပါတယ်။

ဝမ်းသာလို့မဆုံးပါဘူး။ဒါတောင် ဂျာနယ်မှာပါတာမို့ပါ။တကယ်လို့ မဂ္ဂဇင်းတွေဘာတွေမှာသာပါလာရင် ကျမအငွေ့များပျံသွားမလား....:)

ဝမ်းသာရတဲ့အကြောင်းတွေက တကူးတကန့်ဝယ်နားထောင်တာမဟုတ်ဘဲ ဒီအသံတွေကြားရရုံနဲ့ ဒီလို
စိတ်ခံစားမှုတွေဖြစ်ရတယ်ဆိုတာ ကျမတစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့အချက်နဲ့ ဒီလိုမျိုးဝိုင်းဝန်းပြီး
စည်းလုံးကြမယ်ဆိုရင် မကောင်းမှုတွေ ပါးရှားသွားလောက်တယ်လို့တွေးမိလို့ပါ..။

လူငယ်တယောက်က လူငယ်ထုရဲ့ ယဉ်ကျေးမှုကို ပြန်လည်ဝေဖန်ထားတာပါ..။

18 Responses to “ပျော်ရွှင်စွာ ကြွားခြင်း”

:P said...

Congratulations !!!!
စာမူခရရင် မုန့်ဝယ်ကျွေးပါ။
အဲဒီမှာ မန့်ထားဖူးတယ်...
( ဘာမှလည်း မဆိုင်ဘူးးးး ):P

NangNyi said...

ိပို့စ်စောင့်ဖတ်သွားဆိုလို့.. ဘာများလဲလို့ ထပ်ခါ ထပ်ခါကို ကြွားတော့တာပဲကိုးဗျ.. မနိုင်ဘူးနော်

Anonymous said...

Eleven မှာပါတာလားး =) စာမူခဘယ်လောက်ရတုန်းး မုန့်ကျွေး နင့်ပို့စ်က ဆင်ဆာလွတ်တယ် ဆက်ရေး များများဖောက် ဗုံးတွေ ။

အန်တီစန္ဒာပြော သလိုပဲ ဟီးးးးး

မုန့်ဝယ်ကျွေး ။
နောက်ပီး ဒါမျိုးလေးလည်း နောက်ထပ် များများမျှော်လင့်တယ်ဗျ ။

ဝမ်းသာအားရ ပျော်ရွှင်စွာ လာဖတ်သွားပါတယ်
ဂုဏ်ယူပါတယ်ဗျာ ဒီလို အသိပေးပြီး
ဖေါ်ပြခံရတာ ပိုတောင်ဂုဏ်ယူဖို့ကောင်းပါတယ်

Welcome said...

အစ်မ သယ်ချင်း
ဂုဏ်ယူပါတယ် ဆိုတဲ့ စကားထက်
ပိုလေးနက်တဲ့ စကားရှိရင် ပြောချင်ပါသေးတယ်။
ဂုဏ်ယူပါတယ် ..

ငွေ ၅၀၀ ထက် တန်ဖိုးကြီးတဲ့ ပျော်ရွှင်မှုကို ခံစားရမှာပါ။ အပျော်တွေ ကူးစက်သွား ပါတယ်။

ညီမဆိုရင်လည်း အရမ်းပျော်မှာပဲ။ အစ်မနဲ့အတူပျော်ပေးသွားပါတယ်။

Anonymous said...

တော်ပေသည်မကြေးမုံ :D

ATN said...

ဂုဏ်ယူသွားပါသည်...
ငါ့ညီမကြီး သည့်ထက်သည် အောင်မြင်ပါစေ...

ဟေး ဒါမှ . ငါတို့ ဧရာဝတီ သူကွ..
ဘယ်ရမလဲ..
ကြွားသာကြွား.. အကုန်ထုတ်ကြွား...
ပျော်ရွှင်စွာ လာအကြွားခံသွားပါ၏

Anonymous said...

ဟားဟား....တော်သေးတာပေါ့ မုန့်စားရတဲ့ကံကြုံလာလို့...စားရချည်သေးရဲ့

လှိုက်လှိုက်လှဲလှဲကိုဂုဏ်ယူတယ်ညီမလေးရေ..
ပြီးတော့ ”ခေါင်ခေါင်”ပြောသလိုဘဲ...
ရေခံမြေခံကောင်းလို့ထင်တယ်။။

ဝမ်းသာပါတယ် အမရေ .. ဂုဏ်လည်းယူပါတယ် .. များများကြွားပေးပါး))))))))

kay said...

Congratulation ပါ မကြေးမုံရေ-
မအားတဲ့ကြားထဲက.. ပုံလေးမြင်လို့လာဖတ်ပေးသွားတယ်..
နောက်မှ အေးဆေး ထပ်လာမယ်
း)

ညီမရေ.. ဂုဏ်ယူပါတယ်ကွယ် .. နောက်ထပ်လည်း .. ဖော်ပြခံရပါစေ..မဂ္ဂဇင်းတွေလည်းပို့ကြည့်ပေါ့.။ ညီမနဲ့ ထပ်တူဝမ်းသာမိတယ်။

ဟိုတနေ့က လာဖတ်ကထဲက ပြောခဲ့မလို့ပါ။ ဂုဏ်ယူပါတယ်

ဩော် ခက်ပါရော ညီမရယ် ။စာတွေ ကဗျာတွေ ဂျာနယ် မှာ ဖော်ပြခံချင်ရင် အကောင်းဆုံးလို့ယူဆထားတာလေးတွေတော့ စုထားပေါ့ ။ညီမရဲ့ အမြင်ကို လက်ခံပါတယ် ။အကို့စာမျက်နှာရောက်ပြီး လန့်မသွားပါနဲ့ဦး ။အမြင်မတူ ရန်သူဆိုတဲ့အထဲမှာ မပါရိုးအမှန်ပါ ။