Saturday, February 13, 2010

ဓာတ်ပုံ

လွန်ခဲ့တဲ့ ၂ နှစ်ကျော်၊၂၀၀၇ ခုနှစ် သြဂုတ်လကနေ၊၂၀၀၈ ခုနှစ်မတ်လကုန်ထိ ၇လကျော်သွားရောက်နေထိုင်၊ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ နတ်မောက်မြို့အကြောင်း ဒီရက်ထဲပြန်စဉ်းစားမိပြီး၊ ရိုက်ခဲ့သမျှထဲက ကြည့်ရှူရ အဆင်ပြေမယ်ထင်တာလေးတွေ တင်လိုက်ပါတယ်။ ထိတွေ့ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



ကျွဲမင်းကျ ချောင်းနားက မြို့ဝင်ဆိုင်းဘုတ်။ ကျွဲမင်းတောင်ပြုတ်ကျလောက်အောင်ထိ သဲချောင်းကျခဲ့ဖူးတယ်လို့ ဆိုကြတယ်။

အေးရာအေးကြောင်းပဲ..။ဒီနေ့ ကျနော်ကျောင်းမသွားဘူး။

သစ်ကိုင်းကနေ တွဲလောင်းကျနေတာ... ကုလားတက်လား၊အုံ့မောင်းလား။ သိရင်ပြောသွားကြပါဦး။

ကဗျာရွတ်တာ...သူက ရသလိုလိုနဲ့။ပြီးတော့ ထစ်နေတယ်။

ဖိုးတီ တဲ့။ကျမရဲ့ နာမည်ပြောင်နဲ့တူတယ်။ :)



အလုပ်လုပ်ခဲ့တဲ့ ရွာပေါင်းသုံးဆယ့်သုံးရွာမှာ အဲ့ဒိတရွာထဲပဲ ဆံရစ်ဝိုင်းလေးတွေကျန်တော့တယ်။ ဂါဝန်အနီနဲ့ကလေးက အလွန်စကားတတ်တယ်။ ကျမ သူ့ကိုစကားယှဉ်ပြီး နိုင်အောင်မပြောနိုင်ဘူး။

ကျမနာမည် မကျော့...

ဆရာလေး ကိုဖိုးခွေး...

ဓာတ်ပုံရိုက်နေပြီဟေ့...

လူပင် အိုသော်ငြား ဆေးလိပ်မတိုသေး...

ကျောင်းအုပ်ကြီးလိုတာ သုံးဖို့..ကျောင်းသားလေးတွေခေါင်းနဲ့ရွက်သယ်ခဲ့တယ်။

အစာခွက်၊နွားတွေက အဆင့်အတန်းရှိတယ်။စာခွက် မလုဘူး ။

နှုတ်ဆက်ပါတယ်....။

ကလေးများနေ့လဲဖြစ်လို့ ကလေးပုံတွေပဲ တမင်ရွေးတင်လိုက်ပါတယ်။

Thursday, February 11, 2010

လိုက်ရင်းပြေးရင်း ရှူဖွာတိုပစ်

လိုက်ရင်းပြေးရင်း
ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်းဖိနပ်လဲပါးတော့မယ်..။(ခရက်ဒစ်တူ အငဲနှင့် ငယ်ဆူးသစ်)


ရှူ၊ဖွာ၊တို၊ပစ်...

အိမ်ပြန်ချင်တဲ့အလွမ်း....တွေ..ပါပဲ..(ခရက်ဒစ်တူ ၀ိုင်ဝိုင်းနှင့် ကိုငှက်)

ကားအပြာကြီးနားက မြက်ခင်းပေါ်မှာ အိန္ဒိယအမျိုးသားတယောက် အိပ်ပျော်နေတာ အားကျကျေနပ်စရာ။
အဲ့ဒါတော့ မရိုက်ခဲ့ပါဘူး။ဒီကိုကင်မရာမပါလာဘူး။မကောင်းမကန်းဖုန်းလေးနဲ့ ဟိုရိုက်ဒီရိုက်။ပြုပြင်မွမ်းမံမှုလဲ မလုပ်တတ်။

ရေးချင်ရာတွေရေး၊တင်ချင်ရာတွေတင် လုပ်နေမိတယ်။လွမ်းနေတုန်းမို့ သည်းခံကြပါ....။ :)

Monday, February 08, 2010

" M!rror " By L!ttle Br0ok


ကိုစိုင်းဟုခေါ်သော သူ့အမေ့ရဲ့စီးဆင်းနေသောစမ်းချောင်းလေး၊နန်းညီ့ရဲ့ အကို... Littlebrook ဆွဲပေးတဲ့ ပုံတူပါ။အီးမေးလ်ဖွင့်လို့၊မြင်မြင်ချင်း အံ့သြပြီးပါးစပ်ကိုပိတ်ထားမိလိုက်တယ်။

Saturday, February 06, 2010

ကူးစမ်းကွဲ့ ငါး

ကိုယ့်ရှေ့က နောင်တော်တွေအားလုံးလဲ လွမ်းခဲ့ကြပြီးပြီ
ငါလဲ လွမ်းရဦးမယ်။လွမ်းရဦးမယ်။လွမ်းရဦးမယ်။
ငါတို့ဟာ လွမ်းနေတဲ့ငါးတွေ.....
ငါတို့ဟာ သွေးအေးနေတဲ့ငါးတွေ....

ငါတို့ဆူးတောင်တွေက အဆိပ်မဲ့နေသမျှတော့
ငါတို့ ကူးခတ်ဖို့သာ တတ်နိုင်ခဲ့...

ငါတို့ အရိုးတွေက မမာခဲ့သမျှတော့
ငါတို့ကူးခတ်ဖို့သာ တတ်နိုင်ခဲ့...

ငါတို့သွေးက မရဲခဲ့သမျှတော့
ငါတို့ ကူးခတ်ဖို့သာ တတ်နိုင်ခဲ့...

ကူးခတ်ဖို့သာ
ကူးခတ်ရုံသာ...
ကူးခတ်ရဦးမှာ....။.............။

Mirror

ငါးကလေးတကောင်ရှာပြီးပို့ပေးတဲ့ ချစ်သောငါးလေးတကောင်ကို ကျေးဇူးတင်ပါကြောင်း :)