Saturday, January 03, 2009

2008 ရဲ့နောက်ဆုံးစက္ကန့်တွေတုန်းက...

ည 8 နာရီလောက်ထိ ထုံးစံအတိုင်း အင်တာနက်ကဖေးမှာထိုင်ပြီး ဘလောဂ့်တွေကို ဒရောသောပါးလိုက်လည်ရပါတယ်။အချို့ပိုစ့်တွေကိုအိမ်ကျမှပြန်ဖတ်ဖို့ ကော်ပီကူးတန်တာ ကူးရပါတယ်.။

ရာသီဥတုက ပူပါတယ်..။ဒါကြောင့်အအေးတစ်ခွက်သောက်ပြီး အဒေါ်ဆိုင်မှာ ၀ိုင်းကူထိုင်ရတာက ည 11 နာရီခွဲလောက်ထိပါ..။
အိမ်ပေါ် ပြန်ရောက်တော့ 12 နာရီထိုးဖို့က မိနစ် 20 လောက်ပဲလိုပါတော့တယ်...။အအေးတစ်ခွက်ထပ်သောက်ပါတယ်..။
အမှန်တော့ အခါးရည်တစ်ခွက်လောက်သောက်ပြီး သူများတစ်ကာတွေကို လောကကြီးကိုခေတ္တ္တခဏ မေ့ထားချင်တာပေါ့..။မကျေနပ်တဲ့လူတစ်ချို့ကို အော်အက်ပြီး ဆဲပစ်လိုက်ချင်တာပေါ့။
(ဒါမဲ့ မောင်မျိုးပြန်လာတော့မှပဲ တစ်ခွက်တစ်ဖလား သွားမော့တော့မယ်လေ...မောင်လေးရှင်းသန့်လဲ လိုက်ချင်ရင်ခုထဲက ဆက်သွယ်ထားပေါ့..)ဟဲဟဲ အလကားနောက်တာပါ..။


ဆိုင်ကနေ အိမ်ကိုအပြန် တစ်လမ်းလုံးလဲ မူးပြီးအော်ဟစ်နေတဲ့လူတွေနဲ့ဆိုတော့ ကိုယ့်လမ်းကို မနည်းရှောင်ပြီးလျှောက်နေရပါတယ်..။စိတ်ထဲတွေးမိသေးတယ်..။အိမ်ပေါ်ရောက်ရင်တော့ "နှစ်သစ်ကိုအရက်သောက်ပြီးကြိုဆိုကြခြင်း၊"သို့မဟုတ် "အရက်သောက်မိန့်ရသောည" ဆိုတဲ့ခေါင်းစဉ်နဲ့ ပိုစ့်တစ်ခုတင်ဦးမယ်လို့ တွေးထားလိုက်တယ်..။ဒါမဲ့ အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ပါ..။

ဟုတ်ပါ့..ကျမတို့ အမိဗမာပြည်မလဲ သင်္ကြန်ရယ်၊အင်္ဂလိပ်နှစ်ကူးရယ်ဆို အရက်သောက်ခွင့်ပါမစ်ရတဲ့ ရက်တွေပါ..။
သောက်ချင်တိုင်းသောက်ခွင့်ရှိတယ်ထင်ပါ့။သောက်ချင်းတိုင်းသောက်၊အော်ချင်တိုင်းအော်.....။ဆဲချင်တိုင်းဆဲ။ဖြစ်တယ်..။
နည်းနည်းကြမ်းလာရင်တော့ လည်ကုတ်လေးရဖို့သာပြင်ပေါ့..။ဒါပဲ။ဒါပဲ။

ကဲထားပါတော့...။လိုရင်းက မရောက်ဘူးဖြစ်နေတယ်..။
အိမ်ပေါ်ရောက်ပြီး ခဏနေတော့ ကျမတူမ သုံးနှစ်သမီးအလည်မလေးက "အန်တီဖိုးဒီရေ..မီးတို့ ဟက်ပီးနယူးယား လုပ်မယ်" လေလို့ညှိတယ်..။သူက အင်္ဂလိပ်လိုကို သိပ်ပီအောင်ပြောချင်တာ..။Pressure ကို ပျက်ရှာတဲ့။သိပ်ပီလွန်းချင်ပြီးတော့ လျှာကအမှန်မရသေးဘူးဖြစ်နေတာထင်ပါ့။ခုလဲ Year ကို ရီးယား လို့မထွက်ချင်ဘူး။ခပ်ပေါ့ပေါ့လေးနဲ့ ယား လို့ထွက်လေ့ရှိပါတယ်။နောက်ပြီး ဒီကလေးက ညဆို 12 နာရီ၊တစ်ချက်ထိုးလဲ ဘယ်တော့မှအိပ်တာမဟုတ်။မနက်ကျမှသာ ကျောင်းပို့ဖို နှိုးမရတတ်တာ..။ကျမလဲ အေးပါ သမီးရယ်..။လုပ်ကြတာပေါ့။သူပြောလိုက်တော့လဲ သေချာလေး လုပ်ပေးချင်စိတ်ပေါက်လာတယ်။ဒါနဲ့ မီးရှူးလေးဖေါက်ပြမယ်ဆိုပြီး သီတင်းကျွှတ်တုန်းက မဖောက်ဖြစ်ပဲကျန်နေတဲ့ မီးရှူး 2ချောင်းကို ကြိုးစားပီးမီညှိတယ်။အရေးထဲ ကြာနေပြီမို့မီးရှူးက တော်တော်နဲ့မီးမပေါက်၊လှုပ်လှုပ်ပေးနေရသေးတယ်....။
သူများတွေက Count Down လုပ်နေပြီ။ဒီကမီးရှူးကမထွက်သေးဘူးလေ..။နောက်ဆုံးတော့ သူများတွေက 6,5 ရောက်နေကာမှ သမီးအော်၊အော်ဆိုပြီး 4,3,2 Happy New Year ရှူးရှူးဒိုင်း...ဖေါင်း...ဆိုပြီးကိစ္စပြီးလိုက်ကြောင်းပါပဲ..။

မောင်လေးရှင်းသန့်ရေ..အစ်မရဲ့ 2008 နောက်ဆုံးစက္ကန့်တွေကတော့ ရေးခဲ့သလိုပဲ ကုန်ဆုံးခဲ့ပါတယ်..။
ခုချိန်မှာတော့ ပျော်ရွှင်မှုဆိုတာလဲ သိပ်ပြီးထူးခြားလှတဲ့ ခံစားချက်တစ်ခုတော့မဟုတ်တော့ပါဘူး။အဲ့ဒိညတုန်းက ပျော်နေတဲ့သူတွေကိုတော့ အားကျတယ်...။ငါ့မောင်လိုပဲ 2008 ကိုပြန်လည်သုံးသပ်ပြီး 2009 ကိုရင်ဆိုင်ဖို့အသင့်ပြင်တဲ့အကြောင်းတော့ အလျင်းသင့်ရင်ရေးပါဦးမယ်..။

အားလုံးချမ်းမြေ့ပါစေ။

6 Responses to “2008 ရဲ့နောက်ဆုံးစက္ကန့်တွေတုန်းက...”

ATN said...

အကိုကတော့ အဲ သုံည အချိန်ကို အမှတ်တမဲ့ ကျော်သွားသဟ...း)

အော် တူမလေးကြောင့် ဒီပိုစ့်လေး
ရတာပေါ့နော်
ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေ

ညီမလေးရေ.အကိုလည်းအကို့ခလေးတွေဝမ်းတူးသုံး
အော်လို့သာသိလိုက်၇တယ်.ကိုယ့်ဖာသာဆိုရင်တော့
အမှတ်တမဲ့ပါဘဲ.ဘာမှထူးထူးခြားခြားခံစားရတယ်လို့
ကိုမရှိတော့တာလည်းကြာပြီ...
ခင်မင်လျက်...

Anonymous said...

နင်ကတော့လေ မော့မယ်ဆိုတာကြီးပဲနော် တကယ်ဟုတ် မဟုတ် ငါလာမှပဲကြည့်တော့မယ်း) မူးရင်တော့မထမ်းနိုင်ဘူးနော် ရှင်းသန့်ကော ငါကောပိန်တယ် နင့်ကိုပစ်ထားခဲ့မယ် လိုချင်သောသူယူပါ ဆိုပြီး စာကပ်ခဲ့မယ် ဟီးးဟီးး

NangNyi said...

မော့မယ်ဆိုလည်း လက်တို့ပါဦးလေ.. တူတူမော့ကြတာပေါ့

Anonymous said...

အမကြီးရေ ရေးပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

ဒါနဲ့ အဲဒီညက အမကြီးက သောက်လိုက်ရသေးတယ်ပေါ့ ဟဲဟဲ ။ ပြီးတော့ အမကြီးရဲ့ တူမလေးကို လည်း စကားပီအောင် သင်ပေးထားအုံးနော် ။ တော်နေ ကျနော်တို့ ကို မျိုးတို့ လာ လည်ရင် Year လို့ အော်နေလိမ့် မယ် ဟီဟိ :P ။

အဲ ဒါနဲ့ ဘိုလို ဆက်သွယ်ရမှာလဲဗျ အနော်က ၊ လိပ်စာသိဝူးးးးးးးး ။

P.S ။ ။ ရေးပြီး ပြီးချင်း မန့်ဖို့ လာပါသည် ။ သို့သော် ကော်နက်ရှင်က ဘလော့ဖွင့်ရသော်လည်း ကွန်မန့်ပေးခြင်း ၊ စီဘောက်တွင် ခြေရာ ချန်ခြင်းတို့ကို လုံးဝပြု လုပ်မရပါ ။

ဒါကြောင့် နောက်ဆုံးကျမှ ရောက်လာရပါသည် အမကြီးခင်ဗျားးး ။ အနူးအညွှတ် တောင်းပန်အပ်ပါသည် ခင်ဗျား ။