Sunday, January 11, 2009

ခြံသုံးခြံကို လွမ်းမိတယ်

ဒီနေ့ညနေ၊(အမှန်တော့ညနေမဟုတ်တော့ပါ..ညဖြစ်နေပါပြီ)ကျူရှင်ကပြန်လာတော့ လပြည့်ကျော်တစ်ရက်ည
ရဲ့လကို ကျမတစ်ဝကြီးခံစားလိုက်ရတယ်...။ဒီအတွက် ကျေးဇူးတင်ရမှာက ကျမငှားလာတဲ့ကားဆရာပါ။
ွကျွန်းတောလမ်းတစ်လျောက်မောင်းလာပြီး ကားပွဲစားတန်းကိုဖြတ်လဲ ကျမနေရာရောက်တာကို ဆရာသမားက ဟံသာဝတီအ၀ိုင်းထိပတ်တော့ ကျမစိတ်ထဲ"အော်..ကြာလိုက်တာ.ဒီလူ့နှယ်." ပေါ့..။နောက်တော့မှ ကျေးဇူးပါ..ဦးလေးကြီးရယ်..ပေါ့။သူအဲ့လိုမောင်းခဲ့လို့ကျမအတွက်တွေးစရာနဲ့လွမ်းစရာအကြောင်းလေးတွေ
ဖြစ်ခဲ့ရတယ်...။


လရောင်ကို ပုန်းလျှိုးကွယ်လျှိုးဖြစ်စေတဲ့ မြို့ပြညတွေထဲကျမဖြတ်သန်းခဲ့ရတာ ကြာလှပြီ...။လရောင်ဆိုတာ ဘာလဲမသိတော့တာ အတော်ကြာခဲ့ပြီ၊တောင်ကြီးသွားတုန်းက တောင်ကြို၊တောင်ကြားက ထွက်ထွက်ချလာတဲ့
လကိုကြည့်ခဲ့ရတာ နောက်ဆုံးပဲ။ဒီနောက်တော့ ကိုယ်လဲသူ့ မေ့နေခဲ့။သူလဲ ကိုယ့်ကိုမျက်နှာမပြနိုင်ခဲ့ပါ...။

ခုတော့....လရောင်က ....လိပ်ခုံး၊ပညာရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်(၁)ဟောင်းတို့အနီးတစ်ဝိုက်မှာ ထိကပါး၊ရိကပါးနဲ့..။ပညာရေးတက္ကသိုလ်ကြီးကလဲ ထီးထီးမားမား၊ရေတမာတွေဝန်းလို့၊ရံလို့....။

ပြည်၊ပုဂံ၊တကောင်းဆောင်တွေရယ်...။လွမ်းမိတယ်..အဆောင်သူလေးရယ်..။
သူ့နောက်ဘက်မှာ ဘာတွေရှိနေမလဲ...။ပညာရေးတက္ကသိုလ်ကျောင်းသူတွေရဲ့ တခြားကျန်နေသေးတဲ့ အဆောင်တွေ..။ပြောရရင် ပညာရေးတက္ကသိုလ်တစ်ခုပဲ ကျောင်းသူ၊ကျောင်းသားဘ၀အရသာ အပြည့်အ၀ပေးနိုင်သေးတဲ့ကျောင်းပဲ။(မြို့ထဲမှာလဲရှိနေတဲ့ကျောင်း)စိတ်ထဲမှာတေးမှတ်ထားလိုက်တယ်..။
ဒီနှစ် ဆယ်တန်းဖြေမယ့်တူမလေးကို ဒီကျောင်းတက်ခိုင်းမယ်လို့...။

ခုချိန်ဆို အဆောင်ပေါ်ကကျောင်းသူတွေ စုဖွဲ့ပြီး နေကြာစေ့ တစ်ဖောက်ဖောက်နဲ့ လရောင်ကို အပူအပင်မဲ့..........။

လှလိုက်တာ...လိုက်လိုက်တာ..ရေတမာရယ်..၊လိုက်လိုက်တာ သထုံလမ်းရယ်...။

သူတို့ကြားထဲမှာ လနဲ့ညရဲ့ အလှကို ပျက်လောက်တဲ့စေတဲ့ ပုံဆိုးဆိုးနဲ့ ကျောင်းတစ်ကျောင်းလဲရှိနေဦးမယ်..
သူလဲလရောင်အောက်မှ စိုးထိတ်ကြောက်ရွံ့စွာ ရှိနေမလား။အဲ့ဒိကျောင်းလေးကိုလဲ ကျမလွမ်းမိပါတယ်..။
ကျမတက်ခဲ့ရတဲ့ကျောင်းပေါ့..။
ကျမရဲ့တက္ကသိုလ်ကျောင်းသူဘ၀ တစ်ဝက်လုံးကို အဲ့ဒိကျောင်းဆောင်ခပ်စုတ်စုတ်လေးထဲမှာ ကုန်ဆုံးခဲ့ရတာ...။
ကြက်ခြံ၊ဘဲခြံ၊၀က်ခြံတဲ့....။ဘယ်သူပေးသွားခဲ့တဲ့နာမည်တွေလဲ။အမှန်ဆို စပယ်၊ခရေ နဲ့စန္ဒကူး..
အဲ့လိုမျိုးလေးတွေမဖြစ်သင့်ဘူးလား...။ဒါပေမယ့်ကျမစိတ်ကူးထဲက နာမည်တွေနဲ့ မအပ်စပ်တဲ့အင်္ဂါရပ်တွေနဲ့
ဆိုတော့လဲသူတို့ပေးတဲ့ ကြက်ခြံ၊ဘဲခြံ၊၀က်ခြံပဲ..ပြည့်စုံလုံလောက်ပါပြီ..။

မေဂျာသုံးခု၊ခြံသုံးခြံ နဲ့ ခပ်စုတ်စုတ်ခုံလေးတွေနဲ့ တက်ခဲ့ရတဲ့ကျောင်း...၊ကျောင်းလို့ခေါ်သော်ရ၏ ဆိုတဲ့ကျောင်းမှာ ၄ နှစ်လောက်အချိန်ဖြုန်းခဲ့ရတဲ့ ၊အဲ့ဒိအချိန်တွေကို သိပ်နာကျင်ခဲ့ဖူးတဲ့ ကျောင်းသူလေး
တစ်ယောက်ကတော့ အဲ့ခြံလေးတွေနားကို တစ်ခေါက်လောက်တော့ ရောက်ချင်သေးတယ်..။
တစ်နေ့တော့ ရောက်မှာပေါ့လို့လဲ အားတင်းမိတယ်..။

3 Responses to “ခြံသုံးခြံကို လွမ်းမိတယ်”

ဒီလိုပဲ တိုက်ဆိုင်တော့လည်း လွမ်းတာပေါ့...

NangNyi said...

ခုတလော သာတဲ့လကို မုန်းပါတယ်.. မတရားလင်း.. မတရားသာ.. လရောင်မှိန်ဖျော့တဲ့ခံစားချက်တွေ ပျောက်.. နေလိုပဲလင်းနေ.. အရိပ်မည်းတွေထွက်..
ခုနောက်ပိုင်းလက မုန်းစရာပါ

ATN said...

တနေ့နေ့ပေါ့ ငါ့ညီမ...