Saturday, January 10, 2009

ကော်နက်ရှင် အနုပညာ

ကျမကို ကော်နက်ရှင်အနုပညာလို့ခေါင်းစဉ်တပ်ခွင့်ပေးပါ..။အနုပညာလို့ပေးရတာ ခပ်လန့်လန့်ပဲ။ဘာလို့လဲ
ဆိုတော့ လူတွေက ကော်နက်ရှင်လို့ကြားလိုက်တာနဲ့ ဘယ်သူ့ကိုသတ်ရမှန်းမသိ၊ထ ထသတ်ချင်စိတ်တွေ ပေါက်တတ်ကြလို့ပါ။

နေ့တိုင်းနီးပါးဒီကိစ္စ္စပဲကြုံရတာများလာတော့ ကျမအနေနဲ့ဒါကိုထူးပြီးတော့လဲ စိတ်တိုမနေတော့ပါဘူး။အော် ငါတို့ဘ၀ပေးကံပေါ့လို့ပဲ ပေယျာလကန်သဘောထားတတ်ဖို့ ကြိုးစားတတ်သွားပါပြီ။ပေယျာလကန်တင်
မဟုတ်တော့ဘူး။ဒါကို အနုပညာတစ်ခုလို ကျမမြင်ကြည့်နေတယ်။ဟုတ်တယ်...။ကျမတို့တွေက သူ့ကိုနုနုလေး၊
ရွရွလေးသဘောထားရတာ။ခံစားရတာ။ဒေါသထွက်ရတာ၊မောရတာ၊ညည်းညူရတာ..။
ဒီလောက်ခံစားမှုစုံတာကိုမှ အနုပညာမမြောက်ရင် ဘာရှိဦးမလဲကွယ်..။မှုတ်ဘူးလား..နော။

ဖရီးဒမ်းဆိုတာလေးကို စဖွင့်လိုက်တယ်...။ဖွင့်နေတုန်းမှာ မော်ဇီလာကိုဖွင့်ထားတယ်..။ဖရီးဒမ်းကိုလှန်း
ကြည့်တယ်။ပွင့်နေပြီလား၊အော် မပွင့်သေးဘူးလား၊မပွင့်သေးဘူး...အေးလေ ဒါဆိုလဲဂျီမေးလ်လေးပဲ ဖွင့်လိုက်
တော့မယ်။ဂျီမေးလ်ဖွင့်တယ်။ကိုယ့်ဘလောဂ့်လိပ်စာလေးလဲ ရိုက်ထားတယ်။ဂျီမေးလ်ပွင့်သွားတယ်...။

ဘလောဂ့်ပေ့ခ်ျကိုပြန်ကြည့်တယ်။အက်ဆက်ဟက်ဆ်ဘင်းဒီနိုင်း ပဲရှိသေးတယ်..အိုကေ...ဖရီးဒမ်းအပြင် အာထရာဆာ့(ဖ်)ပါဖွင့်လိုက်တယ်။ညီညီတို့၊ကျောင်းဆရာတို့၊ဂျဲဂျယ်တို့ ရဲ့ မကျော်ရတဲ့လိပ်စာတွေကိုဖွင့်လိုက်တယ်...။သူတို့ဆီက အသစ်တွေကိုဖတ်တယ်။ကိုယ်ထင်ရာကိုယ်ရေးမလို့ မန့်မလို့၊နှုတ်ဆက်မလို့ လုပ်တယ်..။မရဘူး၊အေးရော..။သူများဆီကိုယ်လည်တယ်။ကိုယ့်ဆီဘယ်သူလာလဲ ကိုယ်မသိ၊မမိုက်ဘူးလားဗျာ..။ဟင်..။

စိတ်ကလေးလျှော့လိုက်တယ်..။ဟော တံခါးပေါက်လေးပွင့်လာပြီ။ တူးလ်စ်ကိုသွားတယ်...။အော့ပ်ရှင်းမှာ ပရောက်ဇီနဲ့ပေါ့ဒ်ပြောင်းတယ်..။ကိုယ့်ဘလောဂ့်ကို ရီဖရက်ရှ်ပြန်လုပ်တယ်...။ ၂ခါ၊၃ ခါ၊လေးခါ၊ငါးခါ...ဟော ခြောက်ခါမြောက်မှာ စပေါ်လာတယ်။သွားစရာ ကိုစီစီတွေလဲကုန်ပြီ။ဂျီမေးလ်လေးပြန်စစ်တယ်။ကိုယ့်ဆီမှာ မန့်ခဲ့ကြတာလေးတွေကို ကိုယ့်စာနဲ့တွဲမကြည့်ရသေးပေမယ့် မေးလ်ထဲကနေဖတ်လိုက်ရပြီ။ပိုကြည့်ချင်
လာပြီ။မရ။

ဟော ပွင့်သွားပြီ...။ဒါပေမယ့် သုံးရက်သား ဘန်နာလေးကို မမြင်ရ...။စိတ်တိုတိုနဲ့ တခြား
သွားလည်တယ်..။ကဲ..ဘာဖြစ်လဲ။

တချို့က တင်တယ်...ကိုယ့်ဂျီတော့ခ်ရဲ့ မက်စိမှာ...ကော်နက်ရှင်..မင်းမိုက်ရင် အပြင်ထွက်ခဲ့တဲ့....။တချို့က
ဆဲတယ်..ဂေါ့ဒ်ဒမ်း(န်)ကော်နက်ရှင်တဲ့...။ကျမကတော့ မဆဲပါဘူး။အနုပညာလိုပဲ ခံစားတယ်..။
ဒီလိုကြုံရတဲ့သူတွေကိုလဲ ဒီလိုပဲ မှတ်ယူပါလို့ အကြံပြုချင်တယ်...။

ဟဲဟဲ ...စိတ်ပေါက်ပေါက်နဲ့ လျှောက်ပေါထားတာ...။စိတ်ညစ်သွားရင်ခွင့်လွှတ်ကြပါ..။

5 Responses to “ကော်နက်ရှင် အနုပညာ”

ATN said...

အခြေအနေကို အားလုံးက နားလည်ကြပါတယ်...

ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲ ဒါလည်း အနုပညာ တမျိုးပဲပေါ့ မဟုတ်လား...

ဟုတ်ပါတယ်..ဟုတ်ပါတယ်..ဟုတ်ပါတယ်ဟု
သုံးကြိမ်ပြောသွားပါတယ်ညီမရေ...
ခင်မင်လျက်...

ဖြစရမယ် ဖြစ်ရမယ် အနုပညာ

ဒီလိုနဲ့ပဲ ကျနော့ဆီပါရောက်ခဲ့တယ်ပေါ့။ :)

Anonymous said...

ကိုယ်ချင်းစာတယ်ဝေ့ ငါဆို အဲ့လိုသုံးဖူးမှ ရွှေပြည်ကြီးက ဘလော့ဂါသူငယ်ချင်းတွေကို ပိုလေးစားသွားတာ ။ ရန်ကုန်ရောက်တုန်းကဆို သူငယ်ချင်းက ကျော်ပေးရတယ် ငှက်ရုပ်ကလေးနဲ့ ငါက ဘာမှကိုမတက်လို့း) အဲ့တာ နင်တို့ကိုပညာတိုးအောင် အိမ်သာပျက်ကြီးက လုပ်ထားပေးတာ ဒီခလေးတွေက စေတနာကို ပေတရာလုပ်ပြီး ကားမောင်းချင်ကြတယ် ။