Sunday, January 25, 2009

၁၁.......နဲ့..........၅........

ဘာလဲ ၁၁၊ဘာလဲ ၅
၁၁ ဆိုပြီး ၁၂ဖြစ်လိုဖြစ်လိုက်၊
၁ဖြစ်လိုဖြစ်လိုက်နဲ့.....၊
၅ဆိုပြီးလဲ ဖြစ်ချင်ရာဖြစ်။
ငါးတစ်ကောင်လောက်တောင်
သစ္စာမရှိတဲ့...အဲ့ဒိ ၅ တွေ.......။

ပြောချင်ရာပြောပြီး
ဖြစ်ချင်ရာဖြစ်နေတာကို
အစင်းသားခံနေရတာက
ဟောဒီက မျက်နှာမွဲရယ်ပါ......။

လာတယ်။
ပျောက်တယ်....။
ပျက်တယ်...။
ဖျက်တယ်...။

မုန်းတယ်...
အဲ့ဒိ ၁၁၊၅...........။
မကြားချင်ဘူး
အဲ့ဒိ ဆယ့်တစ်၊ငါး
မသိသူကျော်သွား။
သိသူ ခံစား.............................။

************************

11 Responses to “၁၁.......နဲ့..........၅........”

:P said...

၁၁ နဲ့ ၅ အလှည့်ကျ မီးလာတာ အချိန်မမှန်လို့ရေးထားတဲ့ကဗျာများလား...။
သိသူတစ်ယောက်ယောက်ပြောပြရင်တော့ ခံစားလို့ ရမှာပါ..

Anonymous said...

ပုဒ်မ ၅ တော့သိတယ် ၁၁တော့မသိဘူး။

အဟမ်း၊ သိသလိုလိုပဲ၊ ပြောပြနော်

Welcome said...

ဟေ့ရောင် သယ်ချင်း၊ ဘာတွေလဲကွ။
အင်တာနက်လိုင်းမကောင်းတာနဲ့ပဲ
ကဗျာတစ်ပုဒ်ရေးတင်လိုက်တယ်ထင်ပ။
အိုကေပါစေ သယ်ချင်း .. ..

NangNyi said...

ခံစားသွားတယ်

အဟမ်း.... အဟမ်း.... ။
အနော့်တော့ ကိုလေးဖြူရဲ့ စာမျက်နှာ ၁၆ က ၁၅ ဆိုပြီး ပြောင်းခံရတာပဲသိတယ် ဟီဟိ ။

ATN said...

ဦးနှောက်စားတယ်
၁၁ နဲ့ ၅ နဲ့ ပေါင်းရင်တော့ ၁၆ ရတယ်...း)

ဘာလဲဟင် အမ sin dan lar ပြောသလို မီးလာတာပြောတာလး

သိတော့မသိဘူး.။ဒါပေမယ့်ခံစားကြည့်သွားပါတယ်ညီမရေ....

ဆက်ပြီး တစ်နေတဲ့ ၁၁ နဲ့ မသိတဲ့ ငါ လို ထင်မိတယ်။ မှားသွားရင် ဘွားတေးနော်။

MANORHARY said...

သိတယ်
ဘာကိုပြောတာလဲဆိုတာ..း)