Saturday, March 27, 2010

နေရာ

ငါ့ကိုယ်ငါ.......
နေရာကျပြီ..
သို့တည်းမဟုတ်
နေရာရပြီ လို့
ငါ့စိတ်ကူးနဲ့ငါ မှောက်မှားခဲ့...။

မိခင်တယောက်လို ကြင်နာဖေးမ
ဇနီးမယားလို
၀တ္တရားများ ကျေပြွန်ရ....
အိမ်ဖော်တယောက်လို
ရိုးကျိုးနာခံ
အပျော်မယ်လို
ဖြည့်ဆည်းခဲ့ရဲ့.........။

နှစ်ကာလတွေ ခြစားသွားခဲ့တယ်။
ပိုင်ဆိုင်ခြင်းမှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိ
ခုတော့...
ငါဆိုတာက...
တန်ဖိုးသတ်မှတ်ရင်
အနှုတ်လက္ခဏာ ဆောင်ခဲ့ချေပြီ....။

Mirror

7 Responses to “နေရာ”

jt said...

အဲဒီနေရာမှာ ကိုယ်နဲ့ တူတူရှိနေမယ့်လူက ဘယ်လိုလူမျိုးလဲဆိုတာပေါ်မူတည်ပြီး အနှုတ်တွေ အပေါင်းတွေ ဖြစ်မယ်ထင်တယ်နော် sis..

အနှုတ်လက္ခဏာတော့ မဖြစ်လောက်ဘူးထင်တယ်.. ပြည့်နေတဲ့လူက ပေးလိုက်လည်း မတိုးလာရင်သာ ရှိမယ် လျော့သွားဖို့တော့ မဖြစ်နိုင်ဘူးလို့ ထင်မိသဗျ
မယူတတ်သူကသာ လျော့ဖို့ပဲ ရှိတာမဟုတ်လား
လို့

littlebrook said...

little: ဒါကဗျာမို့
အပြင်မှာဆို လူက အတ္တရှိသေးတယ်ကွယ့်


မိညီမ: အင်း


little: ရယူလိုမှုတစုံတရာ အသိအမှတ်ပြုခံရခြင်း
ဒါတွေလိုတယ်
သေးချင်သေးပါစေပေါ့
အဲ့ဒါတွေမရဘူးဆို သူခံရပီ သူ့မှာအနှုတ်သဘောဆောင်ပီပေါ့


မိညီမ: အော်


little: မေတ္တာကတော့ လျှော့မသွားပါဘူး
ဘယ်တော့မှလျှော့သွားမယ်မထင်ဘူး
မေတ္တာလျှော့တယ်ဆိုတဲ့အချိန်ဟာ မေတ္တာကိုမရှိတော့မှသာ


မိညီမ:း)


little: အဲ့ဒါ သူ့ကဗျာလေးအပေါ်မှာ ကိုကြီးမြင်တာ
အော်
မှားတယ်သူ့ကဗျာအပေါ် ညီမလေးမန့်တဲ့ကောမန့်ကို ပြန်မြင်တဲ့အမြင်
အပေါ်က Jtဆိုတဲ့သူ မန့်ထားတာ မှန်တယ်

မယ်ရာရေ .. လိုအပ်တယ်ဆိုပေမယ့် ငါမပြောလည်း နင်သိမယ်ထင်တာပဲ .. နင်အငှားခံစားပြီးရေးထားတာ ကောင်းတယ်ဟ ငါနဲ့မိညီမပြောတာတွေကို ကောမန့်သာသဘောထားလိုက်တာ့ ငါတို့ကိုအရူးတွေလို့ပြောတဲ့အတွက် :P

အပေါင်းဘက်ကိုဆောင်ပါသော်လည်း တစ်ခါတစ်လေ ထိုအပေါင်းလက္ခဏာများကြောင် အမကြေးမုံ အနှုတ်လက္ခဏာဆောင်တယ်လို့ထင်မိတာ နေမှာပါ။

Maung Myo said...

ဟဲ့ နေအုံး နေအုံးး
နည်းနည်း နားရှုပ် အမှန်တော့ မျက်စိရှုပ်သွားတယ် ။ ဘယ်လိုနေရလဲ ဘယ်နားက နေရာပါလိမ့် ဟိတ် ဘယ်ဘက်ရင်အုံးနားကနေရာဆိုရင်တော့အတင်းသွားထိုင်မနေနဲ့ “အဲ့တာ ကျမခုံဆိုပြီး ” ပြီတီတီတွေ ကြည့်နေအုံးမယ်း) စတာနော် အချိန်ကိုစောင့် တစ်နေ့တော့ နေရာရမှာပဲ ။ နော့် စိတ်မလျှော့နဲ့ အီးယားး (တရုတ်ကားထဲကလို မသွင်းပေးတာ )

ငါဆိုတာက...
တန်ဖိုးသတ်မှတ်ရင်
=--------------------------------=
နေရာတွေက အတည်တကျရှိခဲ့တယ်ဆိုပေမဲ့
ရရှိထားတဲ့နေရာက နှိုင်းယှဉ်လိုက်ရင် အနှုတ်လက္ခဏာထဲက ဒီဂရီတွေထိရှိလောက်တယ်....

ZaunG

ခုတော့...
ငါဆိုတာက...
တန်ဖိုးသတ်မှတ်ရင်

မိုက်ဧ။် ...