Monday, March 01, 2010

ခေါ်သံများ

ခြံရှေ့ရောက်တာနဲ့
အမေ ရော လို့သာ တန်းမေးတော့တာပဲ။
သိချင်ရင် အော်သာခေါ်...
ဟုတ်တယ် ...
အော်ခေါ်မယ်...
အမေ......(ရွာတောင်ဘက်ကို လှည့်လို့)
အမေ....( ရွာမြောက်ဘက်).....
အမေ...............)))))))))))))))
လည်ချောင်းတွေကွဲတဲ့ထိ...
မျက်နှာတွေရဲတဲ့အထိ.....
အော်စမ်း
ထပ်အော်ဦး....
အမေ.....)))))))

ခုတော့
ခြံရှေ့လည်းမရောက်နိုင်သေး
ဝမ်းခေါင်းသံနဲ့လဲ အော်မခေါ်နိုင်သေး....
လေလှိုင်းတွေကိုဖြတ်လို့... အမေလို့ ခပ်တိုးတိုးလေးခေါ်တော့
အမေက ဟေ တဲ့....။

............

ဘာပြောဦးမလဲဆိုတော့
ဘာမှမပြောတော့ပါဘူးကွယ်။
ပြောစရာမရှိတာမဟုတ်ဘူး။
ပြောစရာတွေများလွန်းလို့
ပြောစရာတွေပျောက်နေတာ....လို့ကိုယ့်စိတ်ကူးနဲ့ကိုယ်
ကွေကာအုတ်ပဲသောက်နေလိုက်တယ်။

အလို... ဒီစာကြောင်းတွေချရေးရင်း
ငါ့လည်ချောင်းတွေ ကွဲထလာတယ်။
ပြီးတော့...
ငါ့မျက်လုံးတွေဘာလို့ ၀ါးလာပါလိမ့်...။
နေပေ့စေဦး...ဘေးနားကဘော်ဒါတွေမသိခိုက်
ကြိတ်ရှိုက်လိုက်ပါ့ဦးမယ်...
ဒီတည..။

Mirror

9 Responses to “ခေါ်သံများ”

Anonymous said...

ဒီကနေ့ ဘဲ အမေ နေမကောင်း လို့ ဆရာဝန် ပင့် ရ တယ် လို့ သတင်းကြား ထား တာ ညီမ လေး ရေ ...
တနေ့လုံးလည်း အမေ့ ကို သတိရ နေ မိတာ ..ညီမ ရေး တာ လေး ဖတ် ပြီး အမေ့ ကို ပို လွမ်း သွား မိတယ် ...

mie nge

သက်ဝေ said...

ညီမ ရေးထားတာ ချစ်စရာ ဝမ်းနည်းစရာလေး...
အမေ လို့ အနားနားကပ်ပြီး ခေါ်နိုင်မယ့် အချိန်တွေအတွက် လည်ချောင်းတွေ မကွဲအောင် မျက်လုံးတွေ မဝါးအောင် သတိထား အားတင်းပြီး ကြိုးစားကြတာပေါ့ ညီမလေးရေ...

jr said...

sis ရေ.. အရင်ကတော့ အဲလိုပဲ..
ကြာလာတော့ တအားထုံသွားပြီး လူက ဘာကိုမှ သိပ်မခံစားတတ်တော့ဘူး ..
ပျော်ရွှင်ပါစေကွယ်..

ဒီလိုပါပဲညီမရယ်
ဘယ်သူမှ မတိုက်တွန်းရပါဘဲ
ကိုယ်ယုံကြည်သလို ရွက်လွင့်လာကြသူတွေ....

ကြိုတွေးထားတဲ့မုန်တိုင်းတွေကော မတွက်ဆခဲ့ဖူးတဲ့တံတိုင်းတွေကော
ကြုံဆုံလာတဲ့အခါ စိတ်ခွန်အားနဲ့ပဲ ဖြတ်ကျော်ကြတာပေါ့..။

စိတ်ထဲမှာ
တို့စိတ်တွေထဲမှာ
တို့အမေတွေ ရှိတယ်...။
တို့အမေတွေရဲ့ မေတ္တာတရားတွေ ရှိတယ် ။

ဘယ်မှာ ဝေးလို့လဲ...
(အမေနဲ့)
ရိုးသားကြိုးစားနေသူတွေရဲ့ အထက်မှာ
အမေတွေရဲ့ မေတ္တာတရားတွေ
မိုးသားတွေလို လိုက်လာတာ..။

littlebrook said...

ဘယ်လိုအမှားအယွင်းတွေနဲ့အတူ
ဘယ်အချိန်အခါမျိုးမှာမဆို
ပြန်သွားလို့ရတဲ့နေရာ ... အမေ့အိမ်

NangNyi said...

အနားရှိတုန်း များများကပ်ခေါ်ထားမှပါပဲ

Unknown said...

တို့မောင်နှမတွေလည်း အပြင်ကပြန်လာတာနဲ့ ပထမဆုံးခေါ်တာက မေမေ လို့ဖြစ်ပြီး မတွေ့တာနဲ့ တန်းမေးတာပဲ။ အမေ့ကို သိပ်လွမ်းနေသလားဗျာ။ ယုံကြည်ထားတာတွေလုပ်ပြီး ရည်မှန်းချက်ပန်းတိုင်ရောက်ရင် အားလုံးပြန်ကြတာပေါ့ဗျာ။

Maung Myo said...

သူငယ်ချင်းရေ အားတင်ထား ကိုယ်ချင်းစာမိတယ် ငါလည်း ကြုံခဲ့ဖူးတာကိုးးး ။ အမေ အဲ့ဒီလို ခေါ်လိုက်မိရင်ကိုပဲ ကိုယ့်ဘ၀တစ်ခုလုံး လုံခြုံနွေးထွေးသွားသလိုပဲ။ ရှိုက်သံတွေ အစား ရယ်သံတွေ လွှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ် သယ်ရင်းရေ ။