Wednesday, March 03, 2010

အလွမ်းလွန်ရာသီ (မင်းထက်ခိုင်)

ခံစားချက်တွေ တင်းကြမ်းပြည့်လျှံနေလည်း
ကဗျာရေးဖို့ အလွမ်းမသင့်
ကဗျာဆိုတာ အလွမ်းရင့်မှ ရတတ်တာမျိုး။ ။

ကောင်းကင်ကိုကြည့်ပြီး
မြေကြီးကိုချစ်တတ်သူတွေဟာ
ကမ္ဘာဦး သူရဲကောင်းတွေပေါ့။

တစ်ဦးတစ်ယောက်၊တစ်ရုံးတစ်စည်းခံတွင်းမြိန်ဖို့ဆိုတာ
ခံစားနာကျင်မှုတွေရှိဖို့လိုတယ်။
မနက်ဖြန်ကိုမျှော်လင့်ထားရင်
အဲ့ဒီမျှော်လင့်ရာတွေ ကိုယ့်ဆီပြန်လာပါလိမ့်မယ်....။

ဆင်တစ်ဖက်၊မြင်းတစ်ဖက်ဖြစ်နေတဲ့
ဟောဒီအမိုးအကာထဲ ခိုလှုံဖို့ဝေးလို့
စိတ်ကူးအိပ်မက်တွေတောင် ကစဥ့်ကလျားနဲ့မို့
မွေးဖွားသန့်စင်ထားတဲ့ အနှစ်လေးတွေပြန့်ကျဲမသွားအောင်
သေသေချာချာ သိမ်းဆည်းထားရရဲ့။ ။

လမ်းသင့်လို့ ခြေဆန့်မိလည်း
အလွမ်းမသင့်တဲ့ အရိပ်မှာ မခိုလှုံချင်
ခေါင်းခါးခြေလက် မပျက်သေးသမျှ
ယုံကြည်ချက်တွေကို တန်ဖိုးထားချစ်နေရဦးမယ်.
ဖြတ်သန်းမှု နှစ်ကာလ၊လောကဓံဆူးတို့ပွန်းရှ
ဘ၀တံခါးသော့ မပိတ်သေးသရွေ့
ကဗျာနေ့ ကဗျာည
ကဗျာနေ ကဗျာလနဲ့
မျှော်လင့်ချက်တွေကိုရွှေချထားဦးမယ်။ ။

မင်းထက်ခိုင်
(ချယ်ရီမဂ္ဂဇင်း)

ထုံးစံအတိုင်းပါပဲ။လတ်တလောစိတ်ခံစားမှုများနဲ့ တထပ်တည်းကျနေတဲ့အတွက် ဒီကဗျာလေးကို ပြန်ခံစားမိ ပါတယ်။အရင်တုန်းကလဲ ဘလော့မှာတင်ဖူးတယ်။ကဗျာဆရာအန်ထုတ်ထားတဲ့စကားလုံးတွေအတိုင်းပါပဲ။ အလွမ်းတွေတင်းကြမ်းပြည့်နေသော်လည်း ပြည့်လွန်းလို့ကို ဘာမှထွက်ကျမလာတော့ပါဘူး။

2 Responses to “အလွမ်းလွန်ရာသီ (မင်းထက်ခိုင်)”

တခါတခါ တင်းတင်းကျပ်ကျပ်ကြီးနဲ့ ဘာမှ ပြောလို့မရတာ...ဘာမှရေးလို့မရတာ...
အဲဒီအခါ နံရံတွေပေါ် ကြက်ခြေခတ်တွေ ထိုင်ဆွဲနေရုံ..။

type ရိုက်တာ မှားတာ ထင်တယ်
“အနက်ဖြန်”

littlebrook said...

ဟူးးးးးးးး ........ တထပ်တည်းကျသွားတော့
လွမ်းသွားတယ် .. ကိုယ့်ဘ၀ကိုယ်
ကဗျာဆိုတဲ့နေရာမှာ လူတစ်ယောက်ယောက်နာမည်သွင်းလိုက်ရင် ငါ့ကိုကဗျာဆရာက သူ့ကဗျာသေးသိမ်အောင်လုပ်တယ် ထင်မလားမသိ ...း(