Tuesday, May 26, 2009

ဂဏန်းသင်္ချာ

9-3=5.5
(ကိုးအနှုတ်သုံးညီမျှခြင်း ငါးဒဿမငါး)

ကျမဆယ်တန်းတုန်းက သင်္ချာဂုဏ်ထူးရခဲ့တာ...အစစ်အမှန်မှဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုသံသယ၀င်မိတယ်.။

အပြန်ပြန်အလှန်လှန်ကြိုးစားကြည့်ပြီးပြီ..။ဘာကြောင့် ၅ ဒဿမ ၅ ပဲရနေရတာပါလိမ့်ပေါ့..??????
(ဒီလောက်လွယ်တဲ့ ဂဏန်းသင်္ချာကိုလေ...)

အစ်ကိုတို့၊အစ်မတို့လဲ ၀ိုင်းစဉ်းစားပေးခဲ့ကြဦးနော်..။

11 Responses to “ဂဏန်းသင်္ချာ”

MANORHARY said...

စဉ်းစားနေတယ်.
...............

ATN said...

ငါ့ညီမ... စိတ်ညစ်ရတဲ့အထဲ ဦးနှောက်စားအောင် မလုပ်နဲ့လေ...

ညီမလေးကလည်း စားနေပြန်ပါပြီ....
.5က နှုတ်တဲ့လူတယောက်ယောက် သေနတ်လိုလို့ ခဏငှားသွားတာဖြစ်မှာပေါ့..ဟဲဟဲ

ဝေလေး said...

ဘာလို့များလဲ???

ရှင်းနေတာပဲ။ သင်္ချာပညာရှင်မို့လို့ပေါ့။

မနောက်နဲ့နော် ဂေါက်ချင်နေတာ...။

ခပ်ပြတ်ပြတ်ပဲပြောလိုက်မယ် ..
...
...
..
မသိဘူး

kay said...

နန်းညီ လိုပဲ ပြောတော့မယ်။

ညီမရေ......

ကိုးအနှုတ်သုံးညီမျှခြင်း ငါးဒဿမငါး
ရတာဟာ ဂဏန်းသင်္ချာနည်းအားဖြင့်
အဖြေမှန် မဟုတ်ပါဘူး ...။
ဒါပေမဲ့...ဒီလို အမှန် မဟုတ်တာတွေကို နအဖ ခေတ်မှာ အမှန်ဖြစ်အောင် အမျိုးမျိုး ဖန်တီးလုပ်ဆောင်တတ်ကြတယ်လေ...။

ဆိုတော့.....
ကိုးအနှုတ်သုံးညီမျှခြင်း ငါးဒဿမငါး ဟာ အန်တီစု
ယခုလက်ရှိ နအဖ နဲ့ ရင်ဆိုင်နေရတဲ့ အမှု ကိုများ ရည်ညွှန်းနေတာလားလို့ တွေးမိပါတယ်...။
တွေးမိသလို တွေးထားတာပါ ...။

လိုရာ ဆွဲတွေးတယ်လို့တော့ မထင်စေချင်ပါဘူး...။:D

နော်မန် (88)

mirror said...

အစ်မနော်..ကျေးဇူးပါ။အဖြေရပီလား မသိဘူး :P

ကိုအောင်သာငယ်၊ဦးနှောက်စားအောင် လုပ်တာမဟုတ်ရ။
(တကယ်မသိလို့ မေးတာကိုး)

ကိုဆောင်းယွန်းလရေ့...အဲ့လိုလဲ ဟုတ်ပေသားပဲ။

ဝေလေး...သိဘူးလား။တော်တော်စဉ်းစားနေပုံပဲ။
???? တွေမှ အားကြီးပါရော..။

အောင်ဒီကန်..ဟုတ်လောက်တယ်..ဟဲဟဲ။

ကိုလင်းဒီပရေ့...မနောက်ပါဘူး။ဂေါက်ချင်ရင်သာ ဂေါက်။ဒါမှ ကဗျာတွေပိုလှလာမှာ. :)

မယ်ညီမ..ညည်းက ဒီလိုလား။အေးရပါတယ်။
ဒီတခါလာလည်ရင် ဒုတ်ကြီးကြီးကောက်ခဲ့။

အစ်မကေ..ရက်စက်လှချည်လား.. :(

ဆရာနော်မန်ရေ့..စေ့စေ့ပေါက်ပေါက်စဉ်းစားပြီး
တကူးတကန့်အချိန်ပေးပြီးမန့်ခဲ့တဲ့အတွက် ကျေးဇူးပါ။

စိတ်အနှောက်အယှက်များဖြစ်သွားကြရင် ခွင့်လွှတ်ကြပါဗျို့။

အမှန်တကယ်က ၉-၃ဆိုရင် ၆ပါ ဒါမေမယ့် ဒဿမ သဘောအရ ၅.၅ ဆိုရင် ၆ ယူရတာမို့ အခုလိုဖြစ်ရတာထင်ပြီး နောက်တစ်ခုကတော့ သူက စာရင်းကိုင်တစ်ယောက်များလားဟင်....
ပျော်ပါစေ ခင်ဗျာ