Saturday, May 16, 2009

မုဒုံ ရက်စွဲများ

သင်္ကြန်အကျနေ့မှာ သူတို့တွေ အပြင်ထွက်လည်ဖြစ်ကြတယ်။မုဒုံသူရဲ့အဒေါ်က ကားစီစဉ်ပေးတယ်။အဲ့ဒိနေ့က မိုးကတဖွဲဖွဲရွာနေတယ်။စိတ်ရှိလက်ရှိ ခိုင်းချင်တိုင်းခိုင်းထားလို့ ကျနေတဲ့ ကားအကောင်းစားတွေ၊ ထော်လာဂျီ ယာဉ်တွေ၊သုံးဘီးတပ်ဆိုင်ကယ်တွေ၊အိတ်ဇောသံတဗျင်းဗျင်းနဲ့ ဆိုင်ကယ်တွေ..၊အီမိုလူငယ်တွေ.......။ အဲ့ဒါတွေကြည့်ပြီး စိတ်ကူးကိုရွက်လွှင့်မိခဲ့တာ....ကျိုက္ခမီရေလည်ဘုရားနဲ့ စက်စဲကမ်းခြေထိရောက်ခဲ့တယ်...။


ကျိုက္ခမီရေလည်ဘုရား


ကျိုက္ခမိရေလည်ဘုရားနားကလှမ်းမြင်ရတဲ့မြင်ကွင်းတစ်ခုပါ။
လှလဲသိပ်မလှသလို အဲ့ဒီကမြင်နေရတာဟာ ဘာမှန်းလဲသေချာမသိခဲ့ရပါဘူး။သို့ပေမယ့်အဲ့ဒိနေ့က မိုးတွေညိုပြီး
တစ်ယောက်ယောက်ကို လွမ်းနေတဲ့သူ့အတွက်တော့ ဒီမြင်ကွင်းကလဲ လွမ်းစရာပါပဲ။


စက်စဲကမ်းခြေအတွင်းသို့ မည်သည့်ကားမှ ၀င်ရောက်ခွင့်မရှိဆိုလို့ သူတို့တွေ ကားဆီကနေကမ်းခြေကိုရောက်ဖို့ ၅ မိနစ် လောက်လမ်းလျှောက်ခဲ့ရတယ်။ဒါပေသိ ဒီလိုကားကြီးတွေန့တော့ ဒီလိုတွေ့ရသေးတတ်တာပဲလေ။
ဘယ်သူတွေလဲ၊ဘယ်သူ့ကားလဲဆိုတာတော့ ချွင်းချက်အနေနဲ့ မပြောတော့ဘူးနော်၊


သံဖြူဇရပ်စစ်သင်းချိုင်းရှေ့က ကျောက်ထွင်းထားတဲ့စာ...။

ဒီမှတ်တိုင်ရဲ့ အသက်က ၂၂ ပဲရှိသေးတယ်။အသက် ၁၈ နှစ်ကနေစပြီး အသက် ၄၀ လောက်ထိအကြီးဆုံးလို့ ပြောလို့ရတဲ့ လူငယ်၊လူရွယ်တွေဟာ အဲ့ဒိရထားလမ်းမအတွက် သူတို့အသက်တွေရင်းခဲ့ရတယ်..။


သင်္ကြန်ရဲ့ ပူပြင်းခြောက်သွေ့အထီးကျန်လှသော ညများကို မုဒုံမြို့မှာ ကုန်လွန်ခဲ့တယ်။


ဒါကတော့ ခရီးသွားဖို့ ၁ လလောက်အလိုထဲက ကြိုတင်ရင်ခုန်ခဲ့ရတဲ့ မုဒုံမြို့ရဲ့ သင်္ကြန်မောင်များဖြစ်ကြပါတယ်။

ဆိုင်ကယ်မှာ စတစ်ကာကပ်တာ၊ဆိုင်ကယ်ကို အိတ်ဇောဖြုတ်ပြီး တဗျင်းဗျင်းအသံမြည်အောင်လုပ်တာဟာ သူတို့မြို့သင်္ကြန်ဖက်ရှင်ရေစီးကြောင်းတစ်ခုလို ဖြစ်နေပြီ မုဒုံသူကတော့ပြောရဲ့၊

အားလုံးလိုလိုကလဲ မူးနေသလို၊ အော်ဟစ်ဆူပူနေကြတာမို့ အိမ်အပြင်ကိုထွက်ပြီးဓာတ်ပုံမရိုက်ရဲခဲ့ဘူး။ ဂျောက်ဂျက်သီချင်းထဲကအတိုင်းတွေ့သမျှ မိန်းကလေးကိုဘယ်သူလေးလဲလို့မေးကြတယ်။သူ့အတွေးဆီရောက်လာတာက သြော် ဒါလေလား ဂျောက်ဂျက်ရဲ့ ဘ၀၊ဒါလေလား ဂျောက်ဂျက်ရဲ့ မကျေနပ်ချက်တွေလို့လေ..။
ဒါကြောင့် ဓာတ်ပုံရဲ့အလည် တည့်တည့်မှာမှာ ဓာတ်မီးတိုင်ကြီးက ရောက်နေတယ်.. :)

ဒီလိုပြင်ဆင်ပြီး သင်္ကြန်ကျ ကြတယ်။

ဒီလောက်နဲ့ပဲနားပါဦးမယ်...။ကော်နက်ရှင်လဲကောင်းရင်၊ဓာတ်ပုံချိတ်လို့လဲအဆင်ပြေမယ်ဆိုရင်...
မုဒုံမြို့အဇင်းဆည်သွားခရီးနဲ့ မြ၀တီ၊မဲဆောက်ဘက် အမှတ်တရ၊နောက်ပြီး ပြာသိုအဖြစ်ဘ၀ပြောင်းသွားရှာတဲ့
ဘလော့ဂါမောင်မျိုးနဲ့ တွေ့ဖို့ကြိုးစားခန်းတွေပါ ဆက်ပါဦးမယ်..:)

မှတ်ချက်။ ။ကျမပိုစ့်တိုင်းမှာ ဆက်ဖတ်ချင်ရင်ဆိုတဲ့ Read more တွေပေါ်နေလို့ ကိုယ်တိုင် စိတ်အနှောက် အယှက်ဖြစ်ရပါတယ်။ဒါကိုပြင်နေတုန်းပဲ ရှိပါသေးတယ်။
မနေ့ညကလဲ ပြင်ဆင်ရင်းစမ်းသပ်မိလို့ ပိုစ့်တစ်ပုဒ်တခြားလူတွေဆီမှာ သွားပေါ်နေလို့ အားနာမိပါတယ်။
ဒီပိုစ့်မှာလဲ ပေါ်နေဦးမယ်ထင်ပါရဲ့။သည်းခံတော်မူကြပါကုန် :P

11 Responses to “မုဒုံ ရက်စွဲများ”

စာရေးတာ နည်းနေသလိုပဲ.. ဖြစ်နိုင်မယ်ဆိုရင် ပြည့်ပြည့်စုံစုံးလေး ရေးပေးပါလား... ဒါမှဖတ်ရတာ
အရသာရှိမှာ ..း)

Maung Myo said...

ဖုန်းနံပါတ်က နင်အမှတ်မှားတာနော် ငါ့ကြောင့်မဟုတ်ဘူး =)

ATN said...

ရက်စွဲတွေ နည်းနေသေးသလိုပဲ...း)

kay said...

သင်္ကြန် မမြည် တဲ့ သင်္ကြန် တခု ပေါ့.. ညီမကြီးရေ-
ကျန်းမာ ရွှင်လန်းပါစေ-

Anonymous said...

စောင့်ဖတ်နေတယ်ခင်ဗျ

ဝေလေး said...

ဒုတိယပုံက ရှင်ဥပဂုတ်ဖောင်တော်ပုံ ဖြစ်လိမ့်မယ်ထင်တယ်။ လမ်းအရှည်ကြီးလျှောက်သွားရတယ်လေ။ ဟုတ်လားတော့မသိဘူး ရမ်းတုတ်တာ။ :P

စက်စဲကမ်းခြေအတွင်းသို့ မည်သည့်ကားမှ ၀င်ရောက်ခွင့်မရှိ...။
ချွင်းချက် ။ ။ နအဖ လူကြီးအသိုင်းအဝိုင်း အတွက် ဥပဒေ မဟုတ်ပါ ... :D

မုဒုံသင်္ကြန်မှာ လိုင်းကားနဲ့ ရေပက်ခံ ထွက်ခဲ့သေးလား?

နော်မန် (88)

Mirror said...

ဘိုဘို..ကြိုးစားပါ့မယ်..။း)

ပြာသို..ဟုတ်ပါတယ့်..ငါ့ပေါ့ဆမှုပါ.။

ကိုအောင်သာငယ်ကြီး..များလာအောင် ထပ်ရေးရမှာလား။

မကြီးကေ..ကျေးဇူးပါ။ပြန်ရောက်ရောက်ချင်း လာမန့်လို့..။

ကိုရွာသားရေ..ကျေးဇူးအထူး တင်ကြောင်းပါ။

မဝေလေး..ဟုတ်မယ်ထင်တယ်.။ကျမလဲ သေချာမသိလို့လေ..။ဒီဇိုင်းကတော့ တူတယ်နေတာပဲဟာ။
လာလည်သွားတာ ကျေးဇူးပါ။

ဆရာနော်မန်ရေ...မုဒုံမှာ ပါပလစ်ကာနဲ့ လည်ခဲ့ပါတယ်။
မုဒုံ၊သံဖြူဇရပ်၊ကျိုက္ခမီ၊စက်စဲ..မုဒုံပေါ့..။

လာလည်သူများအားလုံး..ကျေးဇူးကမ္ဘာ..။

Anonymous said...

မုဒုံအကြောင်းလေးများ တင်ပေးပါဦးဗျာ အိမ်အလွမ်းပြေလေးပေါ့ ဒါနဲ့ မကြေးမုံဆိုတာ အမွာညီအမများ ရှိပါသလား ကျောင်းနေဖက် မုဒုံအထက ၁ က ကြေးမုံများဖြစ်နေမလားလို့ပါ။

ရောက်လာခဲ့ ပါတယ်......ဘလော့ဂါမောင်မျိုးဆိုတာကဘယ်သူလဲမသိဘူးနော်....လင့် လေးပေးထားခဲ့ စေချင်တယ်။

မျိုး said...

အားပေးသွားပါတယ်