Saturday, May 09, 2009

ဥပဒေဆိုတာ ဘာလဲဗျာ

ကျမနေတဲ့ ရပ်ကွက်ထဲမှာ ဒီမနက်မှ မြင်ခဲ့ရတဲ့မြင်ကွင်းတစ်ခုပါ။

စမြင်မြင်ချင်းမှာက ဗမာအမျိုးသားတစ်ယောက်ကနိုင်ငံခြားသားတစ်ယောက်ရဲ့ မေးရိုးကိုဖျတ်ခနဲလှမ်းကိုင် လိုက်ပြီး မျက်နှာကိုလက်သီးနဲ့ ထိုးမလို့။ဒါပေမယ့် ဘေးနားကဗမာမ တစ်ယောက်က၀င်ဆွဲလိုက်တာနဲ့ မထိုးဖြစ် လိုက်ဘူး။အဲ့ဒိအချိန်မှာ ဗမာအမျိုးသားက ပြောလိုက်တာက "အဲ့ဒါဆိုခင်ဗျားပြောပေးလေ"တဲ့။ ဘာဖြစ်တာလဲ ...ဘာဖြစ်တာလဲ.။သေချာမသိပါ။လူတွေနဲနဲဝိုင်းအုံတာနဲ့အတူ သူတို့နားလဲ ကပ်မနေရဲတာနဲ့ သူတို့နဲ့ခပ်လှမ်းလှမ်းဆီကို ထွက်လာခဲ့တယ်။

ခဏနေတော့ သူတို့ သုံးယောက်က ၀ိုင်းကြည့်နေတဲ့လူအုပ်ကြီးကို ထားခဲ့ပြီးထွက်သွားတယ်။အမှန်တကယ်က
သုံးယောက်လုံးထွက်သွားတာမဟုတ်ဘူး။နိုင်ငံခြားသားရယ်၊ဗမာမရယ်က ထွက်သွားလို့ နောက်ကနေ ဗမာအမျိုးသားက လိုက်သွားတာ။ရှေ့က ၂ ယောက်ကအပြေးတပိုင်းနဲ့သွားတယ်။နောက်ကလူကလဲ မှီအောင်လိုက်တယ်။

ကျန်ခဲ့တဲ့လူအုပ်ထဲဆီက ကြားရတာက ကားခညှိမရလို့ ပြဿနာတက်ကြတာပါတဲ့..။

သူတို့ကျမမျက်စိရှေ့နေ ခဏပျောက်သွားတယ်။ ၁၀ မိနစ်လောက်အကြာမှာ ဗမာအမျိုးသားတစ်ယောက်ထဲ ပြန်လာတယ်။ဒေါသတွေ တထောင်းထောင်းထွက်လို့။ကျမ အစ်ကိုက သွားစပ်စုတယ်။သူပြန်လာတော့မှ စေ့ငုံအောင်ကြားရတော့တယ်။

အဖြစ်အပျက်က ဒီလိုပါ။ဗမာအမျိုးသားက taxi driver ။သူတို့ ၂ ယောက်ကတစ်မနက်လုံးသူ့ကားကို ငှားထားခဲ့ပါသတဲ့။ဈေးကိုလဲ လမ်းတိုလေးတွေ ဟိုသွားဒီသွားမို့လို့ ၅၅၀၀ ဆိုပြီးညှိနှိုင်းထားခဲ့ကြပါသတဲ့။

သူတို့လဲ ကားပေါ်ကဆင်းရော ကားဆရာက ၅၅၀၀ တောင်းပါတယ်။ဒါကို နိုင်ငံခြားသားက မပေးပဲ ၃၀၀၀ ပဲပေးပါတယ်တဲ့။"မင့်ကားက မီတာတပ်ထားတဲ့ကား။ဒီတော့ မီတာအတိုင်းအတွက်သင့်ကျပဲ ပေးမယ် "ဆိုပြီး ၃၀၀၀ ပဲပေးပါတယ်တဲ့။(မီတာက ၅၀ တစ်မီတာကို ဘယ်လောက်။စသဖြင့် ဒါမျိုးတွက်ကြတာလားတော့ မသိပါဘူး)ဒါကြောင့် ကားဆရာက စိတ်တိုပြီး ရန်ဖြစ်ကြတာပါပဲ။(ဒါတွေဟာကျမတို့ အစိုးရရဲ့ ပဲကြီးဟင်း သောက်ထား တဲ့အလုပ်တွေရဲ့ နောက်ဆက်တွဲတွေပါ)

ကားဆရာအပြောအရဆိုရင်တော့ သူနဲ့သေချာညှိနှိုင်းခဲ့တဲ့ ဗမာမကလဲ ခုကျတော့ ဘာမှဝင်မပြောတော့ပဲ ကျနော်ကလဲ အင်္ဂလိပ်လိုမတတ်တော့ ဘယ်လိုသွားပြောမလဲ။အဲ့ဒါ သူတို့ကထွက်သွားမယ်ဆိုတော့ကျနော်က မော်တော်ပီကယ်ဆီ(ပရုပ်လုံး)ခေါ်သွားတာပါ။အဲ့ဒါကို ဆရာသမားများကလဲ "မင်းလဲ သူပြောတာ နားမလည်ဘူး။" "အေး ငါတို့လဲ နားမလည်ဘူး။ဒီတော့ ငါတို့လဲ ဖြေရှင်းမပေးနိုင်ဘူး။ သူပေးသလောက်ပဲ မင်းယူ" လို့ ဆိုလိုက်ပါသတဲ့..။

"ဥပဒေ ဆိုတာ ဘာလဲဗျာ " ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကားဆရာလေးခမျာထွက်သွားပါတော့တယ်...။
ကဲ.... "ဥပဒေဆိုတာ ဘာလဲ "....လို့....ဘယ်သူ့ကို ကျမတို့မေးလို့ရနိုင်မလဲ......။

7 Responses to “ဥပဒေဆိုတာ ဘာလဲဗျာ”

လိုအပ်တဲ့လူတွေလိုက်နာဖို့ထင်ပါတယ် မကြေးမုံရယ် ..
ကိုယ့်နိုင်ငံမှာတောင် ကိုယ့်ဘက်လိုက်မပေးတတ်တာ သူများနိုင်ငံသံရုံးတွေမှာ မြန်မာနိုင်ငံသားတွေအရေး တာဝန်မယူသူများကိုတော့ မပြောလိုတော့ပါဘူး ..
ညီမကလည်း မေးလိုက်ချင်သေးတယ် .. တာဝန်ဆိုတာဘာလဲလို့လေ ..
အဆင်ပြေပါစေနော် ..း)

Anonymous said...

ဟိုလေ ဒေါက်တာတင်အောင်အေးဆိုတဲ့
လူကြီး PhD ယူထားတဲ့ဘာသာရပ်
Law ဆိုလား..ဟဲဟဲ
း)း)
M

littlebrook said...

ဥပဒေဆိုတာ ပြည်သူတွေလိုက်နာဖို့ .... ... ...
မီတာမတိုင်းမတွက်တာက ဒရိုင်ဘာတွေအမှား
အဆင်ပြေမပြေမစဉ်းစားဘဲ စနစ်တွေလျောက်လျောက်ထွင်တာက စောက်ရူး ချီးဘရိန်း
မြန်မာနိုင်ငံက အုပ်ချုပ်သူတွေအမှား

Andy said...

ဥပဒေဆိုတာ ဥ,ထားပြီး ပ,ထုတ်ထားတဲ့ ဒေတာတွေကိုခေါ်တာ..။

တရားဥပဒေ လား?

မတရားဥပဒေ လား ??????????



နော်မန်(88)

ဒါတို့တိုင်း တို့ပြည်.. တို့မြန်မာပြည်.. ဟေဟေ့

Anonymous said...

ပြည်ထောင်စုကို..
သြော်.ပြည်ထောင်စုကို အသက်ပေးလို့ဖြင့် ကာကွယ်မယ့်သူတွေ...
အဲ့သည့်သီချင်းကြားဖူးတယ်ဟုတ်။
အဲ့သလို ပြည်ထောင်စုကို အသက်ပေးကာကွယ်မယ့်သူတွေထွင်တဲ့ စနစ်ပဲကွယ်..။
ကိုအငဲသီချင်းလိုပေါ့..
ဘာတဲ့..
လက်ခံလိုက်မယ်..လက်ခံလိုက်မယ်..။
အဲ့သလိုပေါ့ဗျာ။
အဟက် ဟက်။