Monday, March 02, 2009

အချဉ်ဖောက်ခြင်း

ဒီအကြောင်းပဲ ပိုစ့်လုပ်ပြီးရေးနေတယ်လိုပြောလဲ ခံရမှာပဲ..မတတ်နိုင်ဘူး။စိတ်ခံစားမှုကိုထိန်းချုပ်မှု
အားနည်းတယ်ပဲ ပြောရမလား...။ပြောချင်သလိုသာ ပြောတော့.၊ကိုယ်မပြောပဲ သူများပြောတာတွေပဲ
ကြားနေရတာများတော့....ပြောလို့ရတဲ့ ဒီနေရာမှာပြောမိတယ်...

လွန်ခဲ့တဲ့ ၁ ပတ်လောက်က၊ကြာသပတေးနေ့ကနေစပြီး စနေနေ့ထိ ၇၂ နာရီတိတိ ကျမတို့နေတဲ့ရပ်ကွက်မှာ မီးပြတ်သွားခဲ့တယ်...။လူတွေအားလုံးဒုက္ခရောက်လိုက်ကြတာ....၊နာဂစ်ဖြစ်တုန်းကနဲ့ သိပ်မကွာခြားဘူး။ မီးမလာတော့ ရေမတင်ရ၊ရေမတင်ရလို့ ရေမရှိတော့ အားလုံးလိုလို မျက်နှာတွေ အဆီတ၀င်းဝင်းနဲ့... ကလေးတွေက ရေကြောက်တွေပေါက်ကြတယ်..။အပူရှိန်က သိသိသာသာမြင့်တက်လာတဲ့ အချိန်မှာ ရေကို ၀၀လင်လင်မချိုးရဘူး။မဖြစ်မနေအပြင်သွားစရာရှိတဲ့သူတွေဆိုလဲ ရေကိုမှုတ်ရေနဲ့ ချိုးရတာ...
ဒါမျိုးဆိုတာ သေပြီးသားလူကိုမှ လုပ်တတ်ကြတာဆိုလား။ဗမာအယူမှာ ကြားဖူးတယ်။
မတတ်နိုင်ဘူး...အဲ့လိုသာဆိုရင်ဖြင့် ကျမတို့တွေ လူသေကောင်တွေဖြစ်ကုန်ရောပေါ့....း(

အဲ့ဒိ ၇၂ နာရီမှာ ဘုရားစူး ၁၀ မိနစ်တစ်ခါ၊၅ မိနစ်တစ်ခါပဲလာတယ်....။ဖျတ်ခနဲဆို လာတော့ လူတွေက အားရ၀မ်းသာနဲ့ ရေတင်ကြတယ်..အထပ်မြင့်တိုက်အပေါ်က လူတွေကရေလဲတင်လိုက်ရော... အောက်ဆုံးမြေညီထပ်က လူတွေက ဟေ့လူတွေ ခင်ဗျားတို့ ဒီလောက်တောင် နားမလည်ဘူးလား။
ခုမှ မီးလာတာ အောက်ကန်မှာရော ရေက ဘယ်လာရှိပါ့မလဲတွေနဲ့ ဖြစ်ကုန်ရော.... လူတွေဟာ...ကျားသစ်နာတွေလိုပဲ....တစ်ယောက်နဲ့ တစ်ယောက် မာန်ဖီနေကြတာ....
အဲ့လောက်အော်ဟယ်၊ဟစ်ဟယ်နဲ့ပဲ ပြီးသွားလို့ တော်သေးတယ်..။

ဟော......ခုရက်ထဲ မိနစ် ၂၀လောက်တစ်ခါလာလိုက်၊ပြန်ပြတ်သွားလိုက်နဲ့ လာပြန်တော့လဲ
မတန်တဆမီးအားတွေနဲ့...။တစ်ချို့ဆို မီးအားအ၀င်မိန်းပေါက်ကို မချမိခဲ့လို ၀ါယာရှော့ဖြစ်လား ဖြစ်ရဲ့နဲ့...။ အဘက်ဘက်ကနေ လှည့်ပြီး နှိပ်စက်နေတော့တာပါကလား ကွယ်တို့ရယ်လို့ပဲပြောရမယ်.........။

တစ်ခါတစ်လေဆို ရင်နာဖို့သိပ်ကောင်းတယ်...ကိုယ်နေတဲ့ တစ်လမ်းထဲကွက်မှောင်နေပြီး ကိုယ့်မျက်စိရှေ့က အကောင်၊ဗလောင်တွေနေတဲ့ လမ်းကျတော့လင်းလို့၊ထိန်လို့...............။လူတွေကို လူလို့တောင်မှ သတ်မှတ်သေးရဲ့လားလို့ တွေးမိတယ်...။ခံစားတတ်တဲ့ နှလုံးသားနဲ့လူဆိုတော့လဲ မခံစားပဲက မနေနိုင်ဘူး...။

ကျမသူငယ်ချင်းတစ်ယောက်ကတော့ နာနာကျည်းကျည်းနဲ့ စိတ်လွတ်၊ကိုယ်လွတ်ပြောရဲ့...တစ်နေ့ကို မီး ၁၂ နာရီပဲလာ...ငါဒီနိုင်ငံကနေ ဘယ်ကိုမှတစ်ဖ၀ါးမှ မခွာတော့ဘူးတဲ့...။မခံစားဖူးတဲ့သူတွေက ဒါကိုနားလည်နိုင်မှာ မဟုတ်ဘူး ။အဝေးကြီးမကြည့်နဲ့ ..သံလွင်လမ်းထဲမှာ အလုပ်လုပ်နေတဲ့ အစ်မကပဲ ..အမလေးရည်ရွယ်ချက်က ကြီးမားလိုက်တာတဲ့....ပြောကြပါစေ..ပြောကြပါစေ...ပခုံးနှစ်ဘက်ကြားခေါင်းပေါက်ပြီး လူဖြစ်လာတဲ့
လူချင်းအတူတူ..ဘ၀ချင်းက ခြားနေကြတာကိုး..နားလည်မှုတွေက မသိသိုးသား လွဲနေကြတာ...မဆန်းပါဘူး။...။

အတိုချုံးပြီး ပြောရရင်တော့ စိတ်ရဲ့အာသီသာက စာရေးဖို့နဲနဲမှအာရုံ ဖြစ်မလာသေးပါဘူး။မရေးနိုင်တဲ့အတွက်လဲ ကိုယ့်ကိုယ်ကိုလိပ်ပြာမလုံဘူး(အဟဲ ပြောပုံကတော့ တကယ့်လူလို ပုံပန်းအပြည့်နဲ့ပဲ...)
ဘယ်လိုပဲဖြစ်စေကာမူ..အနဲဆုံးတော့ ကိုယ့်ရင်သွေးလို့ ဖြစ်နေတဲ့ ကိုယ့်ဘလောဂ့်အပေါ်မှာ ကိုယ်သစ္စာမရှိသလို
ဖြစ်နေပါတယ်...။သူ့ကို ဂရုမစိုက်နိုင်ဘူး။သူ့အပေါင်းအသင်းတွေဆီ လိုက်မလည်နိုင်ဘူး။ သူ့အပေါင်းအသင်းတွေ ဘာတွေလုပ်လို့၊ဘာတွေဖြစ်နေလဲ...မသိရ၊မလုပ်ရ...မသိနိုင်၊မလုပ်နိုင်...ဒီအတွက် ကိုယ့်ကိုယ်ကို လိပ်ပြာမလုံဘူး......။

ဆိုတော့ ဘယ်သူ့ကို စိတ်နာရမလဲ၊ဘယ်သူ့ကိုမုန်းတီးပစ်လိုက်ရမလဲ......... ကိုယ့်ကိုယ်ကိုလား... ဒါမှမဟုတ်...တခြားသူတွေကိုလား....နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုပဲ စိတ်ရှိလက်ရှိ မုန်းပစ်လိုက်ပါတယ်...။



12 Responses to “အချဉ်ဖောက်ခြင်း”

Andy said...

ကျနော် တစ်မြို့လုံး လှည့်ပတ်ကြည့်ပါတယ်။ ဘလော့ဂ်တွေ လှည့်ပတ်ကြည့်ပါတယ်။ ထွက်လာတဲ့ တစ်သံတည်းသော အသံက ဒီအသံပါပဲ။

Anonymous said...

အေး..ဟုတ်တယ် ငါတို့မြို့မှာလည်း တစ်ရက်ခြားတဲ့ သူက မှောင်တာနဲ့ဖြတ်တယ်ဟ နေ့လည်ပိုင်းပဲ လွှတ်ပေးတယ် ညဘက် မီးလောင်မှုဖြစ်မှာစိုးလို့ထင်ပါ့း) ပြောမနေနဲ့ ပြောမနေနဲ့ ဖိုးဖိုးကြီးတို့သေရင် လျှပ်စစ်မီးနဲ့ တစ်ခါတည်း ဂွိုင်းမလို့ဖြစ်မယ် ခုတည်းက သိုလှောင်ထားတာလေ သူတို့တွေကျတော့ ဒီလောက်ဓာတ်အားတွေ ပြည့်ပြည့်သူံးနေရတာ ၀ါယာရှော့စ်လေး ဘာလေးဖြစ်ပြီး သေရင်ကောင်းမယ် အယ်......ငါလည်းဘာတွေပြောမိနေလဲမသိ နင့်ကြောင့် ယောရောင်ပြီး ပေါက်ကွဲမိတာ ကိုယ်ချင်းစာတယ် တကယ် အဲ့ဖီလ်းက တော်တော် ခံရခက်တယ် ။ အရှက်မရှိ သီချင်းတောင် လွှင့်သေးတာပဲ သဘာဝအလင်းရောင်မလုံလောက်မှ လျှပ်စစ်မီးသုံးပါတဲ့ နိုင်ငံခြားဝင်ငွေရှာပေးနေတာကို ဒီခလေးတွေတော့လေ :P

ဟူးးးးးးးးးးးး :O
ဘာပြောရမှန်းကို မသိတော့ပါဘူး

JulyDream said...

အဲဒီ မီးပျက်တဲ့ သံသရာကနေ အရင်ကျွတ်လွတ်မှပဲ လမ်းပြမြေပုံကြီးကို ရှင်းရှင်းလင်းလင်း မြင်ရမှာ။ အခုတော့ မြေပုံကြီးကို ရှယ်လုပ်နေပြီ။ မီးတွေက မလာတော့ ဖယောင်းတိုင် ထွန်းပြီး မြေပုံဖတ်ရမယ့်ကိန်းပဲ။

ညီမလေးတို့ခံစားနေကြရတဲ့ ဒုက္ခကို ကိုယ်ချင်းစာပါတယ်လို့ပြောရုံကလွဲပြီး ဘာမှပိုမလုပ်ပေးနိုင်သေးတဲ့ ကိုယ့်ဘဝကိုရင်နာတယ်

kay said...

ဝှူးးးးးးးးးးးးးးးးးးးးးးးးးး

သက်ပြင်းမှုတ်လိုက်တာ..အပေါ်က..တယောက်နဲ့သွားတူနေတယ်။
ညီမကြီးရေ- အားတင်းထား။

NangNyi said...

ညဘက် မီးကပျက်.. လုပ်စရာအလုပ်မရှိတော့ .. အိမ်ပြင်ထွက် ကုလားထိုင်လေးချ.. ပက်လက်လေးလှန်ပြီး ကြယ်တွေကိုကြည့်.. အား.. မီးလာရင်မှိန်ဖျော့နေရမယ့်ကြယ်လေးတွေ..ခုတော့ လင်းလို့လှလို့

မိသားစုဝိုင်းဖွဲ့.. အဖေ့ အဖေအကြောင်း အမေ့အမေတွေ အကြောင်း.. ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့.. မောင်နှမအချင်းချင်း အပြန်အလှန်ရင်ဖွင့် .. နှစ်သိမ့်မှုတွေ .. မီးလာရင် တစ်ယောက်တစ်ခန်းဝင်နေကြ မိသားစုရဲ့ စုစည်းမှု

ညမှောင်မှောင်.. မီးမလာတော့ ဆောင်းဘောက်စ်သံ ကင်းဝေးနေတဲ့ အင်ဗာတာမီးလေးလဲ့လဲ့အောက်က လက်ဘက်ရည်ဆိုင်လေးမှာ ဘော်ဒါတွေနဲ့..
ဂစ်တာဝိုင်း.. ရှေးကလို လွတ်လပ်ပျော်ရွှင်မှု..

သို့မဟုတ် လမ်းဘေးဆိုင်လေးတွေ လျှောက်ကြည့်.. ထင်ရာစား.. ပူအိုက်မယ့်တူတူတော့ ချွေးတွေထွက်သွားတဲ့အထိ ဆော့ရင်ဆော့ပစ်.. ဒါမှ ချွေးနဲ့ပြန်အေးသွားမယ်..

ပျော်စရာ ပျော်စရာ ပျော်စရာ..

Welcome said...

သယ်ချင်းနဲ့ အဖြစ်ကတူတယ်
တူဆို တစ်မြို့ထဲ နေတာကိုးနော် ..
မီးမလာရင် အကြောင်းတစ်ခုခု ပြပြီး
မီးစက်နိုးတယ် .. (အဟဲ နက်ထဲလည်ချင်လို့)
မီးစက်နိုးဖို့ အခွင့်မသာရင်
နက်ဆိုင်ကို တန်းပြေးတာပဲ
အော် ဒုတ်ခ ဒုတ်ခ
မီးသုတ်ခ ရေဒုတ်ခ
ရန်ကုန်သူ/သား ဘ၀ ...

ATN said...

ဒုက္ခတွေနဲ့မြို့ကြီးကိုးလေကွယ်...

“ ဟုတ်ရဲ့လား မောင်ကာဠု ရဲ့ ”

Anonymous said...

ဘယ်နားကရပ်ကွက်လဲဗျ၊ပြောပြလို့ရရင်ပါ။

Anonymous said...

မောင်ငယ်လေး အန်ဒီ...အသံတွေကြားနေရတယ်..
ဘယ်က အသံတွေလဲ..မျက်နှာမွဲတွေဆီက အသံတွေပေါ့...အဲ့လိုမျိုးညီညီညာညာလေး အော်ကြမလား..:)))

သယ်ရင်း..မောင်မျိုး..အဲ့လိုအများကြီးလာမန့်ပေးတာ..
ကျေးဇူးပါ..၊

နွေးနေခြည်ရေ..း)))

ကိုဂျူလိုင်..မိုက်တယ်အစ်ကို့စကားက...
မျက်စိပြာတဲ့ညီမအတွက်ဆိုရင်တော့ ဖယောင်းတိုင်က
၎၊၅ တိုင်မှရမယ်..:P

အစ်ကိုကြီးဆောင်းယွန်း...ကျေးဇူးး)

အစ်မကေ..အားတွေရှိသွားပြီ...။

ညီညီ..အဲ့လိုစိတ်ကူးမျိုးလေး ညည်းအစ်မ အကောင်အထည်ဖော်လို့ရအောင် ဖန်တီးပေးပါဦး..:P

ကိုဝင်းဇော်ရေ..:)) အကြံကတော့ ပိုင်ပါဘိ...။

အစ်ကိုကြီး အောင်သာငယ်..စကားလုံး ကိုးလုံးထဲနဲ့
ညည်းသွားလိုက်တာ..ညီမထက်တောင် ပိုသေးတယ်။

ရှင်းသန့်..မောင်ကာဠုက ဘယ်သူ့ကိုပြောတာလဲ..း)

လင့်ခ်မချန်ထားခဲ့တဲ့ strike ရေ...လိပ်စာက
ပေါက်ပေါက်ဆုပ်ပါ..ကန်စွန်းရွက်တောင် မပါနိုင်တော့ဘူး.....။

စိတ်ခံစားမှုကို ထိန်းချုပ်မှုရဲ့ခပ်ဝေးဝေးကနေပြီး ရေးခဲ့တဲ့ ဒီပိုစ့်ကို နားလည်သည်းခံပြီး ဖတ်ပေးကြတဲ့အတွက်.....ကျေးဇူး အောလ်..