Thursday, July 29, 2010

မလင်းသော ဇူလိုင်နောက်ဆုံးနေ့များအကြောင်း

ဒီနေ့ရဲ့ကောင်းကင်မှာ တိမ်တွေကြည်စင်ကာမှ ကိုယ့်ရင်ဘတ်ထဲ မှိုင်းအုံ့လို့ နေရတယ်။စိုထိုင်းဆများ သိပ်သည်း လွန်းလှတယ်။

သူတထူးက ကိုယ့်ကိုယုံကြည်လာအောင်ကြိုးစားရင်း ကိုယ့်ဘက်က ယုံကြည်မှုနံရံတွေ ဖြိုချခံရတယ်။ တ၀ုန်းဝုန်း နဲ့..။ နာကျင်သလားဆို...တဆတ်ဆတ်ခါပဲ..။

ကိုယ့်အဆိပ်နဲ့ ကိုယ်မို့ ဘယ်သူဖြေလို့ ပြေပါ့နိုင်မလဲ..။ကိုယ့်ဘာသာ မဖြေတတ်ပါဘူး။နေပါစေ။ရှိပါစေတော့..။ အဲ့ဒိအဆိပ်နဲ့ မီးထ တောက်တတ်ရင်လဲ အကောင်းသား..။

ကိုယ့်မျက်စိရှေ့က မြင်ကွင်းကို ကိုယ်တိုင်ယုံကြည်လက်ခံလာအောင်၊ဒါမှမဟုတ်လဲ ကြည့်တတ်၊ မြင်တတ်လာ အောင် ဘယ်သူ့ကို သင်ကြားပြသခိုင်းရမလဲ..။
သူ ပျော်နေတဲ့အပျော်တွေကြား.. ကျနော့်အသံများ မှေးစင်းအိပ်ပျော်သွားပါရစေ...။

စိတ်ညစ်စရာကောင်းလောက်အောင် ကိုယ်...ချစ်တတ်ကြောင်း သူတနေ့နေ့မှာ သိလာပါလိမ့်မယ်...။

(စိတ်အစုံကို လွှတ်ချလိုက်တယ်။ ဟိုးအဆုံးထိ ထိုးစိုက်သွား... ကျွံဝင်သွား... ပြန်နှုတ်ဖို့ အင်မတန် ခဲယဉ်းပါတယ်)

7 Responses to “မလင်းသော ဇူလိုင်နောက်ဆုံးနေ့များအကြောင်း”

Maung Myo said...

ကဗျာလိုလို အက်ဆေးလိုလိုနဲ့ အချစ်ဆရာမကြီးရေ

ကျနော်ချစ်တတ်ကြောင်း သူတနေ့နေ့မှာ သိလာပါလိမ့်မယ်...

ကဲ...ပြောစမ်း ဘူတုန်းဆိုတာ ဒီလောက်တောင် မသိရကောင်းလာဆိုပြီင်္း နားရင်းကို ၅ ချက်လောက်သွားအုပ်ထည့်လိုက်မလို့ ဟိဟိ ။

သယ်၇င်းေ၇ မငိုဖူးသောမျက်လုံးများမလှပါ
မကွဲဖူးသော အသဲများ တုတ်ထိုးနှင့်စားမကောင်းပါတဲ့ ;)

ခေါင်းစဉ်က ရှည်တယ် ။ စာသားက နည်းတယ် ။ ပြီးတော့ personal တဲ့ ။ ဟဲ...ဟဲ

xxxxx
ဒါက ဖတ်ပြီး ဆက်ရေးကြည့်တာ ။

“ဓားပြီး တုတ်ပြီး အချစ်တွေနဲ့
တဟုန်းဟုန်း ထနေတဲ့ရင်ဘတ်
(မင်း) မြင်တတ်ပါစေသားကွယ်..။”

အနော် said...

စကားလုံးတွေက ကျစ်လျစ်ပြီး ခံစားမှုတွေမှာ သိပ်သည်းဆတွေ များပြားနေတယ်....
အခုကိုပဲ သူသိပါစေ.. မယ်ရာ့အစား ဆုတောင်းပေးခဲ့တယ်..

စိတ်ညစ်စရာ ကောင်းလောက်အောင် ချစ်လို့ရမှန်း တချို့ တချို့တွေ မသိကြဘူးဗျ။

littlebrook12 said...

ပြောစရာ နတ္ထိ .. ခံစားရသည်။

ကိုယ့်မျက်စိရှေ့က မြင်ကွင်းကို ကိုယ်တိုင်ယုံကြည်လက်ခံလာအောင်၊ဒါမှမဟုတ်လဲ ကြည့်တတ်၊ မြင်တတ်လာ အောင် ဘယ်သူ့ကို သင်ကြားပြသခိုင်းရမလဲ..။

အဖြေသိချင်ပါတယ်
သိလာခဲ့သည်ရှိသော် ပြန်ပြီးပြောပြပေးပါဦး