Tuesday, July 21, 2009

ဆူလွယ်နပ်လွယ်သားကောင်

ခေတ်ကိုက ဆူလွယ်နပ်လွယ်ရယ်...

ဆူလွယ်နပ်လွယ်ဖြစ်ဖို့ပဲ တွေးတောကြံဆနေကြရ
ဘာကြောင့်လဲ..ဘာကြောင့်များလဲလို့
မှတ်မိအောင်
ကိုယ့်ကိုယ်ကို နှစ်ထပ်၊နှစ်ခါထပ်မေးကြည့်နေမိတယ်....။
ဆူလွယ်နပ်လွယ်ခေတ်ထဲမှာ
ကိုယ်တွေကပါ ဆူလွယ်နပ်လွယ်ဖြစ်လို့
ငါတို့မှာ
တစ်ယောက်ထဲနေရင်းကပဲ
ဟိုဘက်နဲနဲတိုးပါဦး လို့
ကြပ်တည်းနေကြရတာ...

မြေပထ၀ီအခွံပေါ်မှာ ဘာတွေကို စုပ်ယူဖို့၊
ဘာတွေ ပြောင်းလဲတပ်ဆင်ဖို့ ကြိုးစားနိုင်ဦးမလဲ......
ငါတို့တွေဟာ...
ကွဲလွဲတဲ့ကိုယ်ပိုင်ချဉ်းကပ်မှုတွေနဲ့
ကိုယ့်ဘ၀ကိုချဉ်းကပ်ကြည့်ခြဲ့ကတယ်
ကိုယ့်ခရီးကိုယ်
ခြေလှမ်းတွေတစ်လှမ်းချင်းရေတွက်လျှောက်ခဲ့ကြတယ်။

ကုန်လွန်ခဲ့တာတွေက
အလကားမဖြစ်ဘူး။
သက္ကရာစ်ပေါင်းအခု ၂၀ ကျော်။
သို့ပေမယ့်
ခြေထောက်တွေက ခုထိမခိုင်သေးဘူး ..။
တဘုန်းဘုန်းလဲကျနေတုန်း..
တရုန်းရုန်းနဲ့ ပြန်ထနေရတုန်း...။

ဘ၀ဆိုတာ ခင်းထားပြီးသားလမ်းတစ်ခုဖြစ်တယ်..
ကိုယ့်ဘာသာကိုယ်ထွင်ပြီးလျှောက်ရင်းက
အပေါ်ရောက်လိုက်၊အောက်ရောက်လိုက်လဲ ရှိမယ်..
ပြုခဲ့ဖူးတဲ့ ကောင်းမွေဆိုးမွေအရပေါ့...
အဲ့သလို အမေကတော့ပြောတော့
ကျမအသက် ၆၀ မဟုတ်ဘူး အမေ..
အဲ့ဒိလို....အဲ့ဒိလို..နဲ့
ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးနဲ့ခင်းနေခဲ့တာ..။


ဆင်းရဲမွဲတေမှု
ခေါင်းပုံဖြတ်မှု၊
မသာမာမှု၊လူသားမဆန်မှု
အာဏာတလွဲသုံးမှု
လောင်စာဆီမှု
အိုဇုန်းအလွှာပေါက်တဲ့အမှု
ပူလောင်အိုက်စပ်မှု၊
ဘာမှု၊ညာမှု...ဟိုအမှု၊ဒီအမှု
ဘ၀မှာ....
အဲ့ဒါတွေ
ခွဲခြမ်းစိတ်ဖြာ ကြည့်ဖူးပါရဲ့လား
ခွဲခြမ်းစိတ်ဖြာဖို့ရော အခွင့်အရေးတစ်ခု ရရှိဖူးပြီးခဲ့ပြီလား။
အဲ့ဒါတွေ ဘာအဓိပ္ပာယ်လဲဆိုတာ ငါလဲသေချာမသိသေးဘူး။
အဲ့ဒါတွေ ဘယ်လောက်အတိမ်အနက်ရှိလဲ ငါမသိသေးဘူး။
နေသာသလိုနေနေလို့တော့ တို့သမိုင်းကတောက်ပြောင်လာမှာမဟုတ်ဘူး။

အစေ့ကျရာ အပင်ပေါက်တဲ့ ခေတ်ကလဲ ကုန်လွန်ခဲ့ပြီ..
အစေ့ကျရာအပင်ပေါက်ချင်တဲ့စိတ်နဲ့
ငါတို့လိုချင်တပ်မက်တဲ့ အာသီသကို ဖြေဖျောက်ဖို့ရာ..မလွယ်ကူလှဘူးထင်ရဲ့....။

Mirror

13 Responses to “ဆူလွယ်နပ်လွယ်သားကောင်”

kay said...

တစ်ယောက်ထဲနေရင်းကပဲ
ဟိုဘက်နဲနဲတိုးပါဦး လို့
ကြပ်တည်းနေကြရတာ...
++++++
အရမ်းကြိုက်သွားတယ်။ ဆက်ဖတ်လိုက်တော့.. တွေဝေမူတွေနဲ့ ခေါင်းကိုက်နေတဲ့..မိန်းကလေးတယောက်.. လမ်းပေါ်က..ခဲတလုံးကို ခြေထောက်နဲ့ ကန်ထဲ့လိုက်တယ်။ “ %#

ခေတ်ကြီးဆူလွယ်နပ်လွယ်ထဲမှာ အနာဂတ်တွေဆူလွယ်နပ်လွယ်
ကလေးတွေ ဆူလွယ်နပ်လွယ်ဖြတ်သန်းကြတော့မှာ တွေးရင်း ကြောက်လာတယ်...။
(မပြောချင်တော့ပါဘူးညီမရယ်)

littlebrook said...

ကောင်းပါ့ နောက်ဆုံးစာကြောင်းက ရေလည်ထိ
ရင်ကိုငြိသည် (အစေ့ကျရာအပင်ပေါက်ချင်တဲ့စိတ်နဲ့
ငါတို့လိုချင်တပ်မက်တဲ့ အာသီသကို ဖြေဖျောက်ဖို့ရာ..မလွယ်ကူလှဘူးထင်ရဲ့....။) ဒီကောင်မလေး အမြဲတမ်း ဒါပဲတွေးနေလား မသိ ..
ခေါင်းကိုက်မယ် မျက်မှန်ပါဝါတက်မယ်

သိပ်ကောင်းသွားပြီ..ဒီကဗျာ
အမှတ်ပြည့်အပြင် extra credit ပေးသွားတယ်ညီမလေး

ဆူလွယ်နပ်လွယ်ဆိုတာ ဘာလဲ

norman said...

တယောက်တည်းပေါက်ကွဲမနေနဲ့နော်၊ညအိပ်လို့မရဖြစ်နေဦးမယ်၊ဒီလိုပဲပေါ့ဗျာ။တွေးရင်း၊ရေးရင်းနဲ့.....

ဒါမျိုးရေးမလို့ဟာကို... သူများဦးသွားပြီ :(

နန့်ညီ >>> မသေမချင်းမှတ်ထား... ဆူလွယ်နပ်လွယ်ဆိုတာ ရယ်ဒီမိတ် ခေါက်ဆွဲထုပ်ကိုပြောတာ

အနှစ်သာရ သိပ်ရှိတဲ့ ကဗျာတစ်ပုဒ်ပါ...

mirror said...

အစ်မကေရေ့...ညီမကိုများဘာသာပြန်ပေးသွား
လေတာလား..။ :)
ဂရုတစိုက်နဲ့ ကွန်မန့်ပေးသွားတဲ့အတွက် ကျေးဇူးအများကြီးတင်ထားပါတယ်။ဟဲ

ကိုလင်းဒီပရေ..မပြောပါနဲ့တော့လေ :D
ပြောတော့ပြောသွားသေးတာပဲ ..။

အယ်လ်ဘီရေ..သတိပေးတာ ကျေးဇူး။

ကိုဆောင်း..၀မ်းသာမိပါ၏။

ညီ..တကယ်မသိလို့မေးတာလား။အောက်မှာ
အောင်ဒီကန်တော့ပြောပြထားသားပဲ။
နှပ်ဖျော်တဲ့ကော်ဖီနဲ့ အင်စတင့်ကော်ဖီနဲ့ မတူသလိုမျိုး မတူကွဲပြားတဲ့ အနှစ်သာရကို
ပြောချင်တာပါ။တို့တွေက အင်စတင့် ဘ၀ရောက်မှန်းမသိ ရောက်နေရတာလို့ ယူဆမိလို့ပါ။(တကယ်မသိလို့ မေးတာတော့မဟုတ်လောက်ဘူးထင်ပါတယ် နော်)

သူငယ်ချင်းဥာဏ်လင်းထူးရေ..လာကွာ
၂ ယောက်တူတူပေါက်ကွဲကြမယ်

အောင်ဒီကန်..ရေးပါ။မတူကွဲပြားတဲ့အရသာဖတ်ချင်ပါတယ်။
တို့တွေ ဘ၀တူတွေပဲ။

အစ်မရွေပြည်သူရေ..လာလည်ပြီးကွန်မန့်ပေးတာ ကျေးဇူးတင်ပါတယ်။ချီးကျူးတဲ့အတွက်လဲ ၀မ်းသာမိပါတယ်။

အားလုံးကို လေးစားခင်မင်လျက်ပါ.။

အဓိပ္ပါယ်တွေ ပြည့်နေတဲ့ ကဗျာလေးပဲ ကောင်းတယ်

MANORHARY said...

ခေတ်ကြီးကိုက ဆူလွယ်နပ်လွယ်...
ခက်တာက ကိုယ့်ကျမှ အဆူခက်အနပ်ခက်
ခေတ်နဲ့အံမဝင်ခွင်မကျ...
အင်း ခဲတစ်လုံးကိုကန်ပစ်လိုက်မှပါ
ကိုယ့်ကို တစ်စုံတစ်ယောက်က ကန်မထုတ်ခင်လေးးးးးးးး

ဟွား ကောင်းလိုက်တဲ့ ကဗျာ ...