Monday, July 06, 2009

ပြတင်းပေါက်လေးတစ်ခုဆီက


ထိုပြတင်းပေါက်ရဲ့အကျယ်က၂ပေလောက်ပဲရှိပြီး၊ အနံက၂ပေခွဲလောက်ပဲရှိပြီး ကျမအိပ်ယာ
ပေါ်ကနေ ရန်ကုန်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကို အဲ့ဒီအပေါက်သေးသေးကျဉ်းကျဉ်းလေးကနေ လှမ်းမြင်ရသည်။ အဲ့ဒီအခိုက်အတန့်လေးကို ကျမနှစ်သက်ပါသည်...။

ထပ်ခိုးကျဉ်းကျဉ်းလေးထဲကနေ ကောင်းကင်ကြီးတစ်ခုလုံးကို မော့ကြည့်ပြီး ကိုယ့်စိတ်ကူးတွေ အကောင်အထည်ဖော်ကြည့်မိတဲ့အခါ ငယ်ငယ်တုန်းကအိမ်နောက်ဖေးပြတင်းပေါက်နားလေးမှ မတ်တပ်ရပ်ပြီး တသွင်သွင်စီး နေတဲ့ ချောင်းလေးကိုငေးလို့ ငါကြီးလာရင်.....ဆိုတဲ့ စိတ်ကူးတွေကို ပြန်လည်အမှတ်ရစေပါသည်။

အဲ့ဒီပြတင်းပေါက်ကလေးဆီကနေ ကျမအမေ့အိမ်ကိုပြန်တဲ့လမ်းကို မှန်းဆကြည့်လို့ ရနိုင်
ပါသည်။ ဟောဟိုဘက်မှာ တံတားတစ်ခုရှိတယ်။ အဲ့ဒီတံတားပေါ်ကနေဖြတ်ပြီးခဏနေရင် ကျမမိခင်ရှိတဲ့နေရာကို သုံးလေးနာရီအတွင်း အရောက်သွားနိုင်တယ်..။သို့ပေမယ့် ဘာကြောင့်နှောင့်နှေးကြန့်ကြာမှုတွေကသာ တည်မြဲနေရတာလဲ....။အကြောင်းရင်းက ဘယ်တွေများလဲ..။

ပြတင်းပေါက်ရဲ့သံတိုင်တွေကိုလက်နဲ့ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းကစိတ်ရဲ့လွတ်လပ်မှုကိုအငမ်းမရလိုက်လံရှာဖွေမိတယ်..။

ပြောရရင်ဖြင့် ပြတင်းပေါက်တစ်ခုဟာ ကျဉ်းပိတ်တဲ့အမှောင်နဲ့ ကျယ်ဝန်းတဲ့အလင်းရဲ့ ကြားခံ
တစ်ခုသာဖြစ်တယ်။

11 Responses to “ပြတင်းပေါက်လေးတစ်ခုဆီက”

“ပြတင်းပေါက်တစ်ခုဟာ ကျဉ်းပိတ်တဲ့အမှောင်နဲ့ ကျယ်ဝန်းတဲ့အလင်းရဲ့ခြားခံတစ်ခုသာဖြစ်တယ်။”

အဲဒါကို သိလို ဟိုလူကြီးတွေ ပြတင်းပေါက်တွေ လိုက်လိုက်ပိတ်နေတာ...။

kay said...

စား တယ်ကွာ-
း)

MANORHARY said...

ပြတင်းပေါက်ကလေးကို
လာငေးသွားတယ်

Anonymous said...

ကျနော့ဘေးနားက ပြတင်းပေါက်ကတော့ ရှည်ရှည်မျောမျောရယ်။ ပြီးတော့ တကျွီကျွီနဲ့ အသံထွက်တယ်ဗျ

ပြတင်းပေါက် လေးဟာ
အတွင်းနဲ့ အပြင် ကြားထဲက
မျဉ်းပြိုင်လေးပါဘဲ...။

နော်မန် (88)

ATN said...

ပြူတင်းပေါက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် နောက်ထပ်တခုပေါ့လေ...

ထွက်မရတဲ့ပြတင်းပေါက်နား သွားငေးနေတာနဲ့ပဲ အနောက်က တံခါးကြီးပွင့်နေတာကို မသိလိုက်ပဲ နေဦးမယ်.. သတိ.. ..
:)

littlebrook said...

နန်းညီမှန်ကြောင်းကို ကျွန်တော်ဘ၀မှာ လိုလိုလားလား
လက်ခံလိုက်တာ ဒီတစ်ကြိမ်.....ဟိဟိ

Anonymous said...

ကိုလင်းဒီပ..သိပ်တော်.. !! :)

အစ်မကေ..ဆောရီး..း)

မနော်..ကျေးဇူး

ကိုရွာသာကြီး..အဲလေ..ကိုရွာသား..အင်ဂျင်နီယာကြီးဆီကို လက်သမားဆရာပို့ပေးရမလားဗျ..။

အစ်ကိုနော်မန်..သင့်သလို ယူဆနိုင်ကြောင်းပါ..လို့..။

ကိုအောင်သာငယ်ရေ... အဓိပ္ပါယ်ကတော့ ဒီလိုပဲ ကြိုးစားပြီး ဖွင့်ကြည့်နေဆဲပါပဲ..။
တော်၏။မတော်၏ ဆုံးဖြတ်ပေးစေချင်လို့
လူရှေ့ချပြောကြည့်တာပါ..။

မယ်ညီမ ... ပရိုဖိုင်းမှာထဲကပြောထားပါတယ်..။
ကိုစိုင်းရော..တူတူပဲ..။

အလည်လာသူ၊ကွန်မန့်ပေးသူအပေါင်းကို ကျေးဇူးတင်ပါသည်..။

Mirror

ပြောရရင်ဖြင့် ပြတင်းပေါက်တစ်ခုဟာ ကျဉ်းပိတ်တဲ့အမှောင်နဲ့ ကျယ်ဝန်းတဲ့အလင်းရဲ့ခြားခံတစ်ခုသာဖြစ်တယ်။

သိပ်ကောင်းတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးပါလား

rose of sharon said...

ဖတ်လို့ကောင်းတယ်... ပြတင်းပေါက်လေးကိုမြင်ယောင် ကြည့်သွားတယ်