Saturday, July 11, 2009

ကံမကောင်းတဲ့သူ နှစ်ယောက်အကြောင်း

မနှစ်ကတုန်းက ကျမ နတ်မောက်မှာ အလုပ်နဲ့ရောက်နေတဲ့အချိန်၊ အဖော်သိပ်မင်တဲ့လူတစ်ယောက် တစ်ယောက်ထဲ စနေဖူးတဲ့အခါ.... ဖျတ်ဖျတ်လူးနေအောင်ကို အထီးကျန်မှုဝေဒနာကို ခံစားခဲ့ရပါတယ်...။ နတ်မောက်မြို့က အတန်အသင့်ကျယ်ပေမယ့်...ကျမနေရတဲ့အိမ်ကြီးမဟာကလဲ အတော်လေးကို ကျယ်ဝန်း ပေမယ့် ကျမနေဖို့ပေးထားတဲ့အခန်းလေးကတော့ ကျဉ်းပိတ်မှောင်လို့နေတယ်..။
ညစဉ်ညတိုင်းကို အိုင်ပေါ့ဒ်လေးတစ်လုံးနဲ့... သီချင်းခွေပေါင်း သောင်းခြောက်ထောင်နဲ့၊ ရေဒီယိုနဲ့ကုန်ဆုံးနေခဲ့ ရင်းကနေ ကျမအစ်မလုပ်သူ အပြင်က၀ယ်လာတဲ့ ဆိုနီကင်မရာလေး ရလိုက်တော့မှကျမညတွေအသက်ဝင်လာတော့တယ်..။ပျော်လိုက်တာ..ပျော်လိုက်တာ..။
ဘာနဲ့မှကို မတူပါဘူး။ရတဲ့ညတစ်ညလုံး(မကွေးကားဂိတ်ထိ သွားယူထားရလို့ အရမ်းပင်ပန်းနေပေမယ့်)အိပ်ဖို့ကို မေ့တဲ့အထိ အပျော်လွန်ပြီး ဟိုလိုလုပ်ကြည့်၊ ဒီလိုလုပ်ကြည့်နဲ့ပေါ့။ ကိုင်မှမကိုင်ဖူးတာကိုးဗျာ..နော။မျောက်အုန်းသီးရ တာထက်ဆိုးပါတယ်။
အဲ့ဒီကင်မရာလေးက ဆိုနီ DSC T20 လေး။ကျမ ဘလော့မှာတင်သမျှပုံတွေအားလုံး အဲ့ဒိဟာလေးနဲ့ပဲရိုက်ခဲ့ တာတွေချည်းပဲ။အဲ့ဒိကင်မရာကို ကျမအစ်မက သူရောက်တဲ့နိုင်ငံက ဆိုနီဆိုင်ကိုသွား၊ပြီးတော့ သူတတ်နိုင် တဲ့ဈေးလေးကိုပြော၊ပြီးတော့ အရောင်လေးရွေး၊ဒါပဲသူလုပ်ခဲ့တာ။
ပြီးတော့ သူဖွင့်တောင်ကြည့်ရဲ့လား မသိဘူး။ ကျမရှိရာ မကွေးကားဂိတ်ဆီကို ဒီအတိုင်းပို့ခဲ့တာ။
ကျမလဲ ကိုယ့်ဘာသာ မန်ညူရယ်လေး ဖတ်ပြီး ဟိုစမ်းစမ်း ၊ ဒီစမ်းစမ်းနဲ့ ရိုက်ရင်း၊ရိုက်ရင်းက အဲ့ဒိကင်မရာနဲ့အသားကျလာတာ။
မြန်မာပြည်ကို အဲ့ဒိမော်ဒယ်ရောက်လာတာ မတွေ့ရဘူး။တခြား တီဆီးရီးတွေ၊W series တွေသာတွေ့ရတယ်။ တစ်ခုခုများဖြစ်ခဲ့ရင် အဲ့ဒီကင်မရာလေးသွားပြလို့ ရမှရပါ့ မလားပေါ့။တွေးပူမိသေးတယ်။ဒါမယ့် ခု Sony Showroom ကိုသွားမပြခင်ထိ အဲ့ဒိကင်မရလေးက ဘာအပြစ် အနာအဆာမှ မတွေ့ခဲ့ရပါဘူး။ထားပါတော့ ဆိုနီအကြောင်းပြောနေရင် တကယ်ပြောချင်တဲ့အကြောင်းရောက်မှာ မဟုတ်တော့ဘူုး။
ဒါမယ့် အဲ့ဒိဆိုနီလေးက ရလိုက်တဲ့သင်ခန်းစာကတော့ ဘယ်တော့မှ၊ဘယ်သောအခါမှ မြန်မာပြည်မှာ ဘာပစ္စည်းပျက်ပျက်၊ဘယ် Service center ကိုမှ မသွားပါလေနဲ့ ဆိုတာပါပဲ။

**********************************

ခု ညီညီတစ်ယောက် ကင်မရာဒုက္ခနဲ့ ရင်ဆိုင်နေရပါပြီ။ကျမ အပြစ်မကင်းသလိုကြီး ခံစားနေရပါတယ်။
ဘာလို့ဆို အဲ့ဒိသွားဝယ်မယ့်နေ့တုန်းက သူကကျမကို လိုက်ခဲ့ပါ ဆိုတော့လိုက်သွားတယ်။ တခြားဘယ်သူမှ လဲမပါဘူး။ ကင်မရာဝယ်မယ်။ ဘာထူးဆန်းသလဲကွယ်လို့ တွေးခဲ့ပါတယ်။ ဟုတ်ပါတယ်။
ဒီမှာ စကားမစပ် ကိုယ့်ကိုယ်ကိုဖော်ရရင် ကျမကို ကျမသူငယ်ချင်းက အရင်းရှင်မကြီးလို့ခေါ်ပါတယ်။ ဘာလို့ဆို ပစ္စည်းတစ်ခုရဲ့ ကွာလတီကို သူရဲ့ဈေးနှုန်းနဲ့ သတ်မှတ်လို့ပါ။ အဲ့လိုဆိုတော့ ဈေးတွေအဆမတန် တင်ထားပြီး ကွာလတီမကောင်းတာမျိုး ညာရောင်းတာ ခံရဖူးလားဆိုတော့ တစ်သက်လုံးခုတစ်ခါပဲ ခံရဖူး ပါတယ်။
အ၀တ်အစားမှ အစ၊ နည်းပညာပစ္စည်းတွေအဆုံး၊နေဖို့ တိုက်ခန်းငှားတာမှ အစပေါ့။ငွေအတန်အသင့် တတ်နိုင်မယ်၊ နောက်ပြီး ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခုရဲ့ ရှိသင့်တဲ့တန်ဖိုးက ဘယ်လောက်ဆိုတာသိထားရင် အများကြီးလဲ လိုက်ရှာမနေတတ် သလို ဈေးဆစ်မနေတတ်ဘူး။
အဲ...တစ်ခုပဲ ရှိပါတယ်။ကာလံဒေသံတော့ ကျမရွေးပါတယ်။ အဆင့်အတန်းခွဲခြားတာ မဟုတ်ပေမယ့် လမ်းဘေးက လာထား၊လာထားတစ်ထည် တစ်ထောင်ဆိုတဲ့ အက်ျီ တွေကိုတော့ မ၀ယ်ပါဘူး။မ၀ယ်နိုင်ရင် မ၀တ်ပါဘူး။ဒါကြောင့်လဲ လူနဲ့သူနဲ့တူအောင်ကို အ၀တ်အစားကမရှိပါဘူး။သူ့အိုးနဲ့ သူ့ဆန်တန်သလောက်ပဲ ရတယ်ဆိုတာဟုတ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ အင်္ကျီ ဘယ်လောက်ခံမလဲ၊ပြီးတော့ရော ကိုယ့်ကိုယ်ပေါ် တင်လိုက်ရင် ဘယ်လောက်ထိ အဆင်ပြေနိုင်မလဲ၊ ခါးကကျပ်မယ်။ ပုခုံးကကျပ်မယ်၊ ခါးတိုနံ့နံ့ဖြစ်နေမယ်.။ ဒါမျိုးတွေ ဖြစ်လာရင် ကိုယ်ပဲစိတ်ဆင်းရဲရမယ်။သုံးခဲ့မိတဲ့ ပိုက်ဆံတစ်ထောင်ကို ကိုယ်နှမြောနေရပါမယ်။ ဘာလို့ဆိုကိုယ်မှ ကျေနပ်နှစ်သိမ့်မှု မဖြစ်တာကိုး။အဲ့ဒီ တစ်ထောင်ကို လမ်းဘေးက ကလေးလေးတွေကို လှူလိုက်ရင် ထမင်းသုံးနပ်လောက် စားကောင်းစားရနိုင် ပါတယ်။ဒါက ကျမတစ်ယောက်ထဲရဲ့ ပစ္စည်းတစ်ခု ၀ယ်ယူမှုနဲ့ ပတ်သက်တဲ့ ခံယူချက်ပါ။
ဒီတော့ ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခုရှိတယ်။ဆိုင်ရဲ့ အခြေအနေကို ကြည့်တယ်။ ယုံကြည်စိတ်ချနိုင်ဖွယ်လဲရှိ တယ်ဆိုရင် ကျမမှာငွေကြေး အဆင်မပြေသေးရင် မ၀ယ်သေးပဲနေပါတယ်။စိတ်အာသာပြေအောင်လို့ ဆိုပြီးတော့ တွေ့ကရာ ကောက်မ၀ယ်ပါဘူး။ဒါကြောင့်မို့လဲ ကျမသူငယ်ချင်းကအရင်းရှင်လို့ ခေါ်တာပါ။ ထားပါဦးတော့...ဒါကိုလဲ...။

******************************************

မျက်စိနောက်စရာ ကောင်းလောက်အောင်ကို လမ်းဆုံတိုင်း၊ လမ်းဆုံတိုင်းမှာ လူတိုင်းမြင်နိုင်ပါတယ်။
မိုးမိုးကင်မရာဆိုင်ရဲ့ အင်မတန်မှ ကြီးမားလှစွာသော ကြေငြာဘုတ်တွေကိုပါ။ အဲ့ဒီကြော်ငြာဘုတ်တွေကြောင့် ကျမတို့နှစ်ယောက်အဲ့ဒိကို ရောက်သွားကြတာ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုသေချာကြပါတယ်။
ဒါဖြင့်...ဘာကြောင့်သွားသေးလဲ။စဉ်းစားမရပါဘူး။ပြန်ဖြေစရာစကားစ ရှာမရပါဘူး။
ကျမတစ်ကိုယ်တည်း အတွက် ဆိုရင်တော့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ယုံကြည်လို့ပါ။ ကြေငြာကြောင့်မဟုတ်ဘူး။
သူတို့ ဒီလောက်ငွေကုန် ကြေးကျခံ ထားပြီးတောင် ကြေငြာထားသေးတာ။ လာဝယ်တဲ့ဈေးဝယ်ကိုတော့ သူတို့ဒီလောက်ထိ ရင့်ရင့်သီးသီး ဆက်ဆံလိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားပါဘူး။
ပထမဆုံးအမှားကတော့ ကိုယ့်ရဲ့ အညတြစိတ်နဲ့ သူတို့စိတ်ကို သွားပြီး နှိုင်းယှဉ်မိတာပါ။
ညီညီလဲ သူ့ပိုစ့်မှာပြောခဲ့ဖူးပါပြီ။မိုးမိုးဆိုင်က မိန်းမအဆင်မပြေတဲ့အကြောင်းကိုပါ။
ကျမ အမှတ်မရှိပါဘူး။ အမှတ်မရှိဘူး ဆိုတာထက် အဲ့ဒိအမျိုးသမီးကို တစ်ခုခုပြောချင်လို့ ထပ်သွားမိတာဆို ပိုမှန်ပါလိမ့်မယ်..။ခု ကျမကင်မရာဝယ်တော့လဲ သူ့ဆိုင်ပဲ ရောက်သွားပါတယ်။
ကြည့်ရတာ အောက်လမ်းနည်းတွေ ဘာတွေနဲ့များ တိုက်ထားသလားတောင် မသိဘူးဗျာ။ အဲ့နားပဲတ၀ဲ လည်လည်ဖြစ်နေတာလေ။ပြန်တွေးတိုင်း ဒေါသသည်အထွဋ်အထိပ်ထိထက် ပိုလာပါတယ်..။
ကျမက ကင်မရာတွေရွေးနေတော့ သူကဟိုဟာ၊ဒီဟာနဲ့ .....ကောင်းနိုးရာရာပြနေတာ မဟုတ်ပါဘူး။ သူရောင်းချင်တဲ့ Brand တွေကိုပဲ ခရားရေလွှတ်၊မဟုတ်တမ်းတရားတွေ ပြောနေတာပါ။သူပြောချင်ရာတွေကို သူပြောချင်သလို ပြောနေတာပါ။မင်္ဂလာဈေးမှာ အ၀တ်အစားဝယ်နေတာ မဟုတ်ဘူး။ဗိုလ်ချုပ်ဈေးက ရွှေဆိုင်တန်းကို ပတ်လျှောက်နေတာ မဟုတ်ဘူး။ဒီတော့ နားညည်းမခံနိုင်ဘူး။အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်။ဒီတော့ မဖိုးဒီတို့လဲ ဘယ်နေပါ့မလဲ။
"ကျမကင်မရာဝယ်နေတာပါ။ ဟင်းရွက်ကန်စွန်းဝယ်နေ တာမဟုတ်လို့ အေးအေးဆေးဆေး ရွေးချယ်ပါရစေ"လို့ပြန်ပြောလိုက်ခဲ့တယ်။ ဘေးကသူငယ်ချင်းက နင်ကလဲစွာလိုက်တာတဲ့။ မတတ်နိုင်ဘူးကွယ်....။

*******************************************

မြန်မာပြည်မှာ ကားမဲမဲခဲခဲကြီးတွေပေါ်ကနေ ဆင်းလာတဲ့လူတွေကို ကြည့်လိုက်ပါ။မြန်မာစစ်စစ်ဆိုတာ အင်မတန်မှ ရှားပါတယ်။ဒီနေရာမှာ မြန်မာစစ်ဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာ အားလုံးခန့်မှန်းမိကြမယ် လို့မျှော်လင့်ပါတယ်။အမြီးသွယ်ချ ဒေါင်းပျိုမကဲ့သို့၊ဒါမှမဟုတ်လဲ ကမ္ဘာ့အလည်မှာ ခြေထောက်လေးတစ်ဖက် ထောက်ပြီး ရပ်နေတဲ့ မြန်မာပြည်အတွင်းက မြန်မာတွေပေါ့။ပြောချင်တာက အဲ့လို သူထိမ်းတွေထဲမှာ မြန်မာစစ်စစ်ဆိုတာအင်မတန်ရှားပါတယ်။ယေဘုယျသဘောပါ။ ဆားဗေးကောက်မရတဲ့အတွက် ဒီဒေတာ မှန်မမှန် ကျမအာမ မခံ။ဒီတော့ အဲ့လိုလူတွေမြန်မာမစစ်တဲ့လူတွေက မြန်မာပြည်မှာ ကြီးပွားချမ်းသာနေတာ ဘာကြောင့်ပါလဲ။ဒါလဲ အားလုံးသိပြီးသားလို့ ရဲရဲကြီးကို ယုံပါတယ်။
အဲ့လိုမျိုးပေါ့..။ လုပ်ချင်ရာ လုပ်စားနေတဲ့ သူတွေဟာ သင့်တင့်လျောက်ပတ်တဲ့ ခံယူချက်လေးတောင် မရှိရှာ လေတော့....ကျမတို့လို မျက်နှာမွဲ၊ရှိစုမဲ့စုလေးတွေ စုဆောင်းပြီး ကိုယ့်ဝါသနာလေးတွေကို ပျိုးထောင်ဖို့ ကြိုးစားကြတဲ့သူတွေအတွက်တော့ ...ဒေါသ၊ ဒေါမနဿတွေနဲ့သာလုံးပန်းလို့နေရတော့တာပါပဲ...။

မှတ်ချက် ။ ။ ဒီစာကိုဖတ်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားတယ် ဆိုရင် အနူးအညွတ် တောင်းပန်ပါသည်။


12 Responses to “ကံမကောင်းတဲ့သူ နှစ်ယောက်အကြောင်း”

P said...

မျဖစ္ဖူး

mirror said...

မဖြစ်ဖူး ဆို P ရေ..ကျေဇူးပါ။

ဒူကဘာ said...

အဟေ ဟေ ကား မဲမဲခဲခဲ ကြီးပေါ်က ဆင်းလာတာ ဝ တို့ ဖြူဖြူခဲခဲ ကြီးတွေလေ၊ နောက်ဆို တရုတ်ပြည်သူ့ မြန်မာ နိုင်ငံတော် တောင် ဖြစ်လာ မလားပဲ၊ မရောက်တာကြာလို့ စာတွေ လက်ကျန် လာရှင်း သွားတယ်။

Anonymous said...

်မကျေနပ်ဘူး ပြန်ရင်လိုက်ပို့ပေး မမိုးမိုးကိုမြင်ဖူးချင်လို့ :P

စာလာဖတ်သွားပါတယ်ညီမလေးရေ
ဘာပြောရမှန်းတောင်မသိတော့ဘူး

ဘာတုန်းအေ.. မိုးမိုးမကောင်းကြောင်းက နည်းနေတယ်.. မကျေနပ်ဘူး.. ဟွန်း

မပြောချင်တော့ပါဘူးလေ...။
ထပ်ထပ်ပြောတော့လည်း စကားတွေပဲ အဖတ်တင်...။

mirror said...

ကိုဒူကြီးက ညီမကြောက်လို့ချန်ထားတာကို ၀င်ဖော်ပေးသွားတယ်..။ကျေးဇူးဗျ.. :)

ကိုရွာသား..မမိုးမိုးလား၊ဒါမှမဟုတ် မိုးမိုးမိန်းမလားတော့
မသိဘူး။ဒါမယ့် စိတ်ချပါ။လိုက်ပို့ပါမယ်..။
ညီညီနဲ့ နှစ်ယောက်တူတူလိုက်ပို့ပေးမယ်..ကိုရွာသားကို။

အစ်ကိုဆောင်းရေ..စိတ်အနှောက်အယှက်မဖြစ်ဖူးဆိုရင်ပဲ
ညီမကျေးဇူးတင်ပါပြီ..။

ညီမလေးညီညီ..ကျေနပ်လိုက်ပါ..။နောက်မှ အေးဆေးပြောတာပေါ့လေ..နော။

ကိုလင်းဒီပရေ....မပြောတော့ပေမယ့် ဖတ်တော့သွားတယ်မဟုတ်လား :P

လာလည်သူ၊ဖတ်ရှုသူ၊ကွန်မန့်ရေးပေးခဲ့သူ အားလုံးကို
ကျေးဇူးတင်ပါတယ်။

littlebrook said...

ဟားဟား အော် ဒုက္ခမြစ်ထဲ စီးဆင်းသွားတာ
တစ်ယောက်တည်းမှ မဟုတ် :P

Andy said...

ခံရတဲ့သူကနှစ်ယောက်တောင်မကဘူးဆိုတော့ကာ...

P.Ti said...

မြန်မာပြည်မှာ ဈေးဝယ်ရတာ ဘယ်ဟာက တန်လို့လဲ... ပစ္စည်းကို တန်ရာတန်ကြေးပေးဝယ်ရပေမယ့် ၀န်ဆောင်မှုကြတော့ ပြန်မရဘူးလေ။

မိုးမိုး ဆိုင်ခွဲ (FMI) ရှေ့ ကဆိုင်ကိုပြောတာလားမသိဘူး..အကယ်လို့ဟုတ်တယ် ဆိုရင် ဆိုင်ပိုင်ရှင် သူငယ်ချင်းမကိုပြောပြပါ့မယ်.. ရောင်းဝယ်တာ ၀ယ်သူမကျေနပ်ရင် မကောင်းဘူးလေ..