Monday, November 24, 2008

ဟန်းန ဖုန်းနဲ့ ဗိုလ်ကြီး

ရင်နာနာနဲ့ရယ်ရတာပါ။ညတုန်းက ဆိုင်တစ်ဆိုင်မှာတွေ့တာပါ
ကျမထိုင်နေတဲ့စားပွဲနားမှာ ရန်ကုန်လမ်းညွှန်နဲ့ ဖုန်းတစ်လုံးရှိတယ်...
လူတစ်ယောက်ဖုန်းလာဆက်တယ်..သူ့လက်ထဲမှာ ဟန်းဖုန်းပါတယ်...
လိုင်းမကြည်လို့နေပါလိမ့်မယ်...ရိုးရိုးလိုင်းဖုန်းကို သူလာသုံးတာပေါ့...
ကျမကလဲ အင်မတန်စပ်စုပါတယ်..မသိချင်ယောင်ဆောင်နေလဲရရဲ့သားနဲ့
ဒါပေသိ နီးနီးလေးဖြစ်တာတစ်ကြောင်း၊တိုနံ့နဲ့ ကတုံးကေကြောင့်တစ်ကြောင်း
ဂရုစိုက်တာမဟုတ်ပဲ ကြားနေရတာပါ

ဟဲလို...ဟုတ်ကဲ့ ဗိုလ်ကြီး .......... ရှိပါသလား
ဟုတ်ကဲ့ ကျနော် ဗိုလ်ကြီး....ပါ
သူ့သူငယ်ချင်းပါ...ကျနော်သူ့ဟန်းဖုန်းကိုဆက်တာ မရလို့ပါ...
ဟုတ်ကဲ့ ကျနော့်ဟန်းဖုန်းနာပါတ်လေးယူထားပါ..
ဟုတ်ကဲ့ ဗိုလ်ကြီး........ဆက်တယ်ပြောပေးပါ..
ဟုတ် သူ့သူငယ်ချင်း ဗိုလ်ကြီး..............ပါ....

သူငယ်ချင်းချင်းစကားပြောတာကိုများ...
မဏ္ဍပ်တိုင်တပ်တာကလွန်ရော....ရှက်လဲရှက်ကြဘူး....
ကျမနဲ့ ကျမသူငယ်ချင်းမှာ ရယ်လိုက်ရတာ အူကိုလိပ်နေတာပဲ...
အူကိုလိပ်နေတာပဲ....

11 Responses to “ဟန်းန ဖုန်းနဲ့ ဗိုလ်ကြီး”

khin oo may said...

ဖြစ်တတ်ပါတယ်လေ

pandora said...

မုဒိတာ မပွားနိုင်ရင်တော့ ဥပေက္ခာထားလိုက်ပါတယ်။ :)

ဟမ်းဖုန်းအစုတ်တွေ ၀ယ်မယ်လို့ ပြောလိုက်
ပေါ့ ညီမရေ။

“ဗိုလ်ကြီးရေ...ဗိုလ်ကြီးသူငယ်ချင်း ..ဗိုလ်ကြီး.. က ဗိုလ်ကြီးဆီဖုန်းဆက်တယ်...” (ပြန်ပြောပေးတဲ့သူရော အဲ့လိုများပြောမလား မသိဘူးနော်။ )

ဗိုလ်ကြီးကအပျိုလေးတွေရှိလို့ဇွတ်ကိုဗိုလ်လုပ်ချင်နေ
တော့တာဖြစ်မှာပေါ့ညီမလေးရယ်.သူတို့ကလည်းပြည်
သူ့ချဉ်ဖက်ဖြစ်နေတာတောင်ကြွားကောင်းတုန်းနော်...

Kaung Kin Ko said...

ရယ်ရတယ်။ :D

Anonymous said...

ကြားဖူးတာကတော့...
ရာထူး... ဆိုတာ ... ရူးတာ... ဆိုလား...

ခမျာများမလဲ... ရူးစရာက ဒါလေးပဲ ရှိလို့ နေမပေါ့ကွယ် ...

အောင်သာငယ်

Anonymous said...

ဟုတ်..ဟယ်လို..ဟယ်လို..ဟုတ် ဟုတ် ကိုဂစ်တာကိုလာရှာရင် ကိုဂစ်တာ ဂစ်တာဝယ်မလို့ ဂစ်တာဆိုင်ကိုသွားတယ်လို့ ကိုဂစ်တာ့သူငယ်ချင်း ကို ကိုဂစ်တာဆီလိုက်မလာပါနဲ့လို့ ဂစ်တာကြိုးသာဝယ်ထားပါလို့ ပြန်လာရင် ဂစ်တာကို ဂစ်တာကြိုးတပ်ပြီး ဂစ်တာကြိုးညှိဖို့ အဆင်သင်ဖြစ်အောင်လို့ ပါလို့ ကိုဂစ်တာကမှာသွားတယ်လို့ ကိုဂစ်တာ့သူငယ်ချင်းကိုပြောပေးပါနော်.. :D

Anonymous said...

နောက်ကျနေလို့ .... ဒူကဘာ ဆိုတာလဲ ဗိုလ်ကြီးပဲ ....ဟလို...ဟလို.. တောက်! ..အရေးထဲ လိုင်းပြတ်သွား ပြီ။

Anonymous said...

အမက လည်း မရယ်ပါနဲ့ သူတို့ကို
သူတို့ခမျာမှာ မရှက်လို့ ဗိုလ် လုပ်နေရ ရှာ တာ :P ရှက်တတ် တဲ့ ကောင်လေး က ဘလော့စရေး နေပြီလေ ဟီဟိ

Anonymous said...

ပို့စ်တွေ ၀င်ဖတ်ပြီး ရယ်နေတာ ဒီပို့စ်မှာတော့ ကောမန့်တွေပါ ဖတ်ပြီးရယ်တယ် ဟားဟား
အမ ခင်မင်းဇော်
( ခုမှ ၀င်လာဖြစ်တာ အားဘူးရယ်)