နေ့လည်နေ့ခင်းမှာ အလွမ်းတွေကို စိတ်ရှည်ရှည်နဲ့ ချည်နှောင်နေခဲ့မိ...။
ရပ်နေရာကနေ ကိုယ့်ခေါင်းပေါ်ကို မော့ကြည့်မိသည်။ဖြတ်သွားတဲ့ ရထားတွေ အစင်းပေါင်းများစွာ။ ၀င်လာလိုက်ကြ ပြန်ထွက် သွားလိုက်ကြ...။တချို့အစင်းတွေက ကိုယ်ထိုင်နေရာဘက်ဆီသို့ ဦးတည်လာကြပြီး တချို့ကကိုယ်နဲ့ ဝေးရာဆီ။ဘယ်လိုပဲဖြစ်ဖြစ် မြင်ကွင်းက လှတော့လှတာပါပဲ...။
ရထားတစင်းက ထွက်ခွာချိန်မှာ...ရထားတစင်းနောက်ထပ် ရောက်လာမယ်... ဆိုတာမျိုးလား...။ခရီးကဖြင့် ဝေးလွန်းလှသည်။
ဖြတ်သန်းကျင်လည်နေရာ ကိုယ့်အသက် ဂယ်ပေါက်ကလေးထဲမှာကျတော့ တချို့လူတွေက ကိုယ့်ဆီလာကြပြီး တချို့ကို ကိုယ်ကထားခဲ့။
ကိုယ်ခုရပ်နားတဲ့ဘူတာအိုလေးမှာရော ဘယ်လောက်ကြာကြာ ရှိနိုင်ပါ့မလဲ။
တွေးမိတဲ့အခိုက် ရင်မခုန်နိုင်တော့ပေမယ့် ထွက်ခွာဖို့အလံစိမ်းထောင်ပြမယ့်အချိန်မှာ ကိုယ့်ဘက်က အသာတကြည် ရှိနေဖို့ပဲ လိုအပ်တာပါ..။
ကိုယ့်ပိုင်ဆိုင်မှုက ကိုယ့်အရှိတရားဖြစ်လို့....ကိုယ်ချစ်ခြင်းမေတ္တာက ကိုယ့်ဥစ္စာဓန ..။ပေးဝေရင်နှီးမိတာကလဲ ချစ်ခြင်း မေတ္တာတရားများသာ။ကိုယ့်မှာ" စိတ် "အကျယ်ကြီးရှိသည်မို့ ချစ်ခြင်းမေတ္တာ အမျိုးအစား အစုံအလင် ရှိသည်။
ကိုယ့်အချစ်က ထိကရုံးပင်လေးတွေနဲ့ တူသည်။လမ်းဘေးစရိုက်ဆန်ပြီး အလေ့ကျကြုံရာနေရာမှာ ရှင်သန် နိုင်သည်။ပြီးတော့ ၀မ်းနည်းလွယ်၊ထိခိုက်လွယ်....ကျိုးလွယ် ကြေလွယ်..။
စိတ်ထဲရွယ်စူးမိတာက ကိုယ်ကနောက်ဆုံးရထားလေးတစီး ဖြစ်ချင်ပြီး သူ့ ဘူတာလေးနားအရောက် ခပ်ကြာကြာလေး ခိုနားနိုင်ဖို့ ....။

10 Responses to “အလွမ်းသင့် နေ့လည်ခင်း”
အများကြီးမျှော်လင့်မထားပဲ အလိုက်သင့်လေး ဖြစ်ဖို့သာပါပဲ....
ညီညီ့အစ်ကို
“ကိုယ့်အချစ်က ထိကရုံးပင်လေးတွေနဲ့ တူသည်။လမ်းဘေးစရိုက်ဆန်ပြီး အလေ့ကျကြုံရာနေရာမှာ ရှင်သန် နိုင်သည်။ပြီးတော့ ၀မ်းနည်းလွယ်၊ထိခိုက်လွယ်....ကျိုးလွယ် ကြေလွယ်..။”
ဒီအဖွဲ့လေး အကြိုက်ဆုံးပဲ ။ ကဗျာထဲမှာ ခိုးသုံးဦးမှ :P
အကြောင်းအရာ => ကိုယ်သိပ်ကြိုက်နေသော တီချမ်း စကားနဲ့ ပြောရရင် "ချစ်ခြင်းမေတ္တာဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့သာ သက်ဆိုင်တဲ့ကိစ္စ" ဖြစ်လို့ ၀င်ရောက်မစွက်ဖက်လို။
ရေးဟန် => နူးညံ့သိမ်မွေ့သော စာလွှာ။
အလွမ်းသင့် နေ့လည်ခင်း ဆိုတဲ့ ခေါင်းစဉ်လေးကိုရော ချစ်စရာ စာစုလေးကိုပါ ကြိုက်တယ်...
လူတိုင်းမှာ အဲဒီလိုနေ့လည်ခင်းလေးတွေ ကိုယ်စီ ရှိဖူးကြမယ်ဆိုတာ သေချာနေတယ်...
သူ့ ဘူတာလေး ထဲက နောက်ဆုံးရထားလေး အမြန်ဆုံး ဖြစ်နိုင်ပါစေ..:)
ငါသိမ်းသွားတယ် .. ညီမလေး
နင့်အကို အယ်လ်ဘီ
Last train cannot stay longer in station..it must go back to Ulu Pandan Mrt depot.
ကိုယ့်မှာ" စိတ် "အကျယ်ကြီးရှိသည်မို့ ချစ်ခြင်းမေတ္တာ အမျိုးအစား အစုံအလင် ရှိသည်။
ငှဲငှဲ.. နာ့ အစ်မ ပီသတယ်
အလွမ်းတွေကို စိတ်ရှည်လက်ရှည် ချည်နှောင် နေပါပေါ့လား ......
မနော်
နားချင်တဲ့ဘူတာလေးမှာပဲ အမြဲနားနေနိုင်ပါစေလို့
ဆုတောင်းပါတယ်.။
ခင်မင်စွာ
သဒ္ဓါလှိုင်း
Post a Comment