Monday, August 23, 2010

အရိုးဆုံး စကားလုံးများ

ကျနော်တို့ ချစ်ကြတယ်...။
....။
ပွေ့ဖက်ကြတယ်
နမ်းမွှေးကြတယ်
ရီ(ရယ်)မောကြတယ်
သူ့မျက်ရည်တွေ ကျနော့်ရင်ဘတ်ပေါ် စီးဆင်းတယ်။

စိတ်ချင်းချိတ်ပြီး
အိပ်မက်ကမ္ဘာထဲ ညပေါင်းများစွာ ဖြတ်လျှောက်ကြတယ်။
ကြယ်တွေကို ရေတွက်ကြတယ်...။

ဝေးကွာတယ်။
နီးစပ်တယ်။
သူက ကျနော့်ကို နှင်လွှတ်ခဲ့တယ်။
ကျနော်က သူ့ကို ထားပစ်ခဲ့တယ်။

.....
....
ဒီလိုနဲ့...
ကျနော်တို့ ချစ်ကြတယ်..(လှုပ်ခတ်စွာ...တည်ငြိမ်စွာ..)
.....
......။

အလွမ်းနာနဲ့မှ...
ဆေးရုံတက်နေရသူ ကျနော့်အနား...
စကားလုံးတို့ က..မမြင်ကွယ်ရာထိ ပုန်းရှောင်ကြတဲ့အခါ.။
စာဖွဲ့ဖို့ရာ...မစွမ်းသာ..
...။

ရိုးရိုးလေးပဲ လွမ်းတဲ့အကြောင်း
ဒါဟာ..လွမ်းလွန်လွန်းလို့ ရေးတဲ့ စကားလုံး အစုအဖွဲ့များသာဖြစ်ကြောင်း...
သူ နှင့်တကွ
အများ....သိစေအပ်ပါတယ်။...။

mirror
(23.08.2010,On Bus No..197 )

3 Responses to “အရိုးဆုံး စကားလုံးများ”

ဘတ်စ်ကားပေါ်က အလွမ်းများ ပေါ့...။

အလွမ်းတွေ ထိရောက်ပါစေသားကွယ်...။

သိပါပြီ သိပါပြီဗျာ ...

မောင်မျိုး said...

ဟုတ်ကဲ့ သိပါပြီခင်ဗျား

ပုံ /
အများ

း)