Saturday, April 25, 2009

သတိရခြင်းဆိုတာ

သတိရခြင်းဆိုတာ
လွတ်လပ်တယ်၊
တိကျသေချာတယ်၊
သိုဝှက်ဟန်ဆောင်မှု ကင်းတယ်၊
ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊
အနှောင့်အယှက် ကင်းတယ်၊
လုံခြုံတယ်၊
အချက်အလက် ပြည့်စုံတယ်၊
ဒါပေမယ့်....
အထီးကျန်ဆန်တယ်၊
ဝမ်းနည်းစရာ ကောင်းတယ်၊
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်၊

အဆိုးဆုံးကတော့၊......
တစ်ဖက်သတ်ဆန်တယ်၊၊


အယ်ဖြူ(၁၉၇၁-၂၀၀၄)

ခရီးသွားဆောင်းပါးလေးတွေ(အတွေ့အကြုံလို့ သုံးနှုန်းရင်ကျမအတွက်ပိုကိုက်ညီမယ်ထင်ရဲ့)ရေးဖို့စိတ်ကူးထားပါတယ်..။
စိတ်ရော၊လူရောမအားလပ်သလို၊ဘယ်တော့များမှ ပြန်ကောင်းမယ်မသိတဲ့ အင်တာနက်ကော်နက်ရှင်ကြောင့်
ဓာတ်ပုံနဲ့မှတွဲရက်ပိုစ့်တင်ချင်တဲ့အတွက် ခုလောလောဆယ် ခရီးနဲ့ပတ်သက်လို့ ပိုစ့်မတင်ဖြစ်သေးပါဘူး။
ဒါကြောင့် အားလုံးကို တောင်းပန်ပါတယ်။အားလုံးကိုအားကြီးချစ်ပါတယ်..။
ဆရာ၊ဆရာမတွေ၊အစ်ကိုတွေ၊အစ်မတွေ၊သယ်ရင်းတွေ၊မောင်လေးတွေ၊ညီမလေးတွေ
အားလုံးကိုချစ်တယ်..ဒီလောက်ဆို ကျေအေးမယ်ထင်ပါတယ်.. :P

ခုတင်လိုက်တဲ့ကဗျာကို အရင်တုန်းကလဲ ကျမဘလော့မှာတင်ဖူးပါတယ်။ဘလော့စစချင်း ၂ပုဒ်မြောက်မှာပါ။
ခုတောကျောင်းဆရာ၊အရင်တုန်းက မုတ်သုန်ဆီကနေ ကူးယူလာတဲ့ကဗျာပါ။စရေးခါစဆိုတော့ စည်းတွေ၊ဘောင်တွေဆိုတာလဲ
သိပ်မတွေးမိတော့သူ့ဆီကနေ မတောင်းပဲယူလာတာပါ။နောက်တော့မှ ပြောပြဖြစ်ပါတယ်။
ရှာဖွေထားတာလေး အသင့်ယူသုံးမိတာကို ဘာမှမပြောတဲ့အတွက် ကျေးဇူးပါ ကျောင်းဆရာရေ့။

ဖတ်ဖူးကြသူတွေလဲရှိမယ်ထင်ပါတယ်..။မဖတ်ဖူးသူတွေရော၊ဖတ်ဖူးသူတွေရော ကြိုက်မယ်မျှော်လင့်ပါတယ်..။
မကြေးမုံတော့ အသည်းခိုက်အောင် ကြိုက်ပါတယ်။ခုလက်ရှိ စိတ်ခံစားမှုနဲ့ တစ်ထေရာတည်းလဲကျနေလို့ တင်ဖြစ်သွားတာပါ..။

အားလုံးကိုချစ်ခင်လေးစားလျက်ပါ..။

8 Responses to “သတိရခြင်းဆိုတာ”

Anonymous said...

သတိရခြင်းဆိုတာ ပင်ပန်းစေတယ် .. ဒါပေမယ့် စာကောင်းပေကောင်းတွေလည်း ထွက်လာတတ်လို့ အထင်တော့သေးလို့မရဘူးဗျ..
ပုံ/ဆရာမကြီး နန်းညီ

သတိရခြင်းဆိုတာ...ဒီလိုပါပဲ ညီမလေးရေ

Welcome said...

သယ်ချင်း
စိတ်သွားတိုင်း ကိုယ်ပါနိုင် ပါစေလို့ ဆုတောင်းပေး ပါတယ်။ ခရီးသွား အတွေ့အကြုံ လေးမျှော် နေပါမယ်

ခင်မင်လျက်

သတိရနေတဲ့အချိန်မှာ သတိရခြင်းအကြောင်းတွေ မကြားချင်ပါ။ :P

ူlittlebrook said...

သတိရခြင်းဆိုတာ ..ငါအခုမဂ္ဂဇင်း ၂အုပ် ၀တ္ထု၂အုပ်ရထားတယ် ..နင်များဖတ်ချင်မလားမသိဘူး
မယ်ရာမ .ငါနင့်ကို သတိရတယ်ဟ

emayarKhin said...

သတိရခြင်းတွေကို
ခံစားသွားပါတယ်.......

Anonymous said...

သတိရခြင်းဆိုတာလွပ်လပ်တယ် <3

Anonymous said...

သတိရခြင်းဆိုတာလွပ်လပ်တယ် <3