Monday, April 06, 2009

အကြောင်းပြချက်လေးတော့ ပေးချင်တယ်........

ဟိုတစ်လောက...ဟိုတစ်လောကဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျမညီမလေး ညီညီ က ပြောပါတယ်
ဘလော့ဂ်စပေါ့ကို မမြင်ရတာ ဘယ်လောက်ကြာပြီလဲ တဲ့....။ကျမကို မေးခွန်းထုတ်ရင်း သူ့သူလဲ မေးနေတဲ့ပုံပါ။ ကျမက ":( " ဒါမျိုးလေးလုပ်ပြမိတယ်ထင်ရဲ့.။မမှတ်မိတော့ပါဘူး။မမှတ်မိတော့တဲ့ အကြောင်းအရာတွေသိပ်ကို
များပါတယ်..။ဥပမာ.မြန်မာ တယ်လီပို့က ဘယ်နေ့တွင် အင်တာနက်ကော်နက်ရှင် ပြန်ကောင်းပါမယ် လို့ကြေငြာထားတဲ့ရက်မျိုးဆို ပိုတောင် မမှတ်မိသေးဘူး။

ဘလော့ဂ်စပေါ့ကို မမြင်ရဘူးဆိုတော့ အကောင်အထည်လိုက်မမြင်ရတာကို ညီညီ ဆိုလိုတယ်လို့ထင်ပါတယ်။
ဟုတ်ရဲ့လေ..ကျော်ကာခွကာနဲ့ဆိုတော့ မြင်ရတာကလဲ အတုကြီး၊ဒီလိုကျော်တာ ခွတာက မကြေးမုံတို့ ခဏခဏညည်းချင်းဖွင့်လွန်းလို့ အားလုံးသိပြီးကြတဲ့အတိုင်း....ဒီဘာသာရပ်မှာ ကျွမ်းကျင်အဆင့်ပေါ့..။ဒါမယ့် စုံစုံလင်လင်မြင်ရသေးတယ်..။ခုတော့ မမြင်ရတော့ဘူး။အတုကြီးပဲ မြင်ရတယ်.. ထီကြေငြာတွေ၊ထီပေါက်ကြောင်း သတင်းတွေ...မလုံ့တလုံ ကောင်မလေးပုံတွေနဲ့..........အဲ့လို အတု ဘလော့ဂ်စပေါ့နဲ့ပဲ နှစ်ပါးသွားနေရတာ..။

နေပါစေ အတုကြီးနဲ့တော့ မတင်ဘူးကွာ..ဘာပိုစ့်မှ မတင်ဘူးကွာ ..ကဲ ဘာဖြစ်လဲ......ကိုယ့်သမီးလေးပဲ ချောက်ကပ်ကပ်နဲ့ပေါ့......။သူများဆီလဲ လိုက်မလည်နိုင်ဘူး။တချို့ဆီပုံးမှာ အော်လို့ရပြီး၊တချို့မှာအော်မရပါဘူး။
နောက်ပြီး ပိုစ့်ကိုမန့်ချင်တဲ့ စိတ်အာသီသကို ဆီပုံးမှာ အော်ရုံနဲ့လဲ မကျေနပ်နိုင်ပြန်တော့ ခက်သားလား။
မန့်မလို့လုပ်လိုက်တာနဲ့....လုံခြုံရေးဆိုင်ရာ မေးခွန်းတွေတသီကြီးနဲ့ တိုးဝှေ့နေရတယ်..။ဒါကြောင့် အားလုံး (အစ်ကို၊အစ်မ၊သူငယ်ချင်း၊မောင်လေး၊ညီမလေး)နားလည်ပေးကြပါလို့.......စာရေးပြီးပဲ တောင်းပန်ပါတယ်..။

ဓာတ်ပုံတွေတင်ချင်တာလဲ...မတင်ရဘူး၊တင်ချင်တဲ့ရက်မှာ မတင်ရတဲ့အတွက် ခုတော့ mood ကမပါတော့ဘူး။
မိန်းထဲသွားရိုက်ထားတဲ့ ဓာတ်ပုံတွေရှိတယ်..။အလှအပ သွားရိုက်တာ...အလှအပ မရခဲ့ပဲ..အပျက်အစီးတွေပဲ ရခဲ့ပါတယ်..။နာဂစ်အကြွင်းအကျန် ပုံတွေပဲရခဲ့တယ်..။မြင်ရသလောက် တက္ကသိုလ်ရိပ်သာလမ်းမဘေးတစ်ဘက်တစ်ချက်ကိုပဲ ပြန်လည်ပြင်ဆင်းထားပြီး အထဲမှာတော့ အပျက်အစီးအားလုံးဟာ နာဂစ်မုန်တိုင်းနှစ်ခါလည်တော့မယ်...ဘာမှမပြင်ဆင်ရသေးပါဘူး။ ကျမအစ်ကို ကိုအောင်သာငယ့်အတွက် မန္တလေးဆောင်ကို ရိုက်ဖို့သိပ်အဆင်မပြေခဲ့ပါဘူး။မန္တလေးဆောင်အတွင်းသို့ လုံးဝ(လုံးဝ)မ၀င်ရ လို့ဆိုထားလို့ပါ..။နောက်ပြီးတော့ သူက မုခ်ဦးနဲ့ ကပ်ကပ်လေးဆိုတော့ လုံခြုံရေးတွေနဲ့ စကားပြောနေရမှာလဲ စိုးတာနဲ့..အဆင်ပြေသလောက်ပဲ ရိုက်ခဲ့ပါတယ်..။

ညနေစောင်းကြီးမှ ရိုက်တာဆိုတော့ပုံတွေကို သိပ်စိတ်တိုင်းမကျပါဘူး။ဒါကြောင့် ဘလော့ပေါ်မတင်တော့ဘူး။
အဲ...စကားတွေကပြောရင်းက ဘယ်တွေရောက်ကုန်ပြီလဲ မသိတော့ဘူး။လိုရင်းကတော့ ဓာတ်ပုံတင်ချင်ပေမယ့်
တင်မရဘူးပေါ့လေ..။

ဒီလောက်ပါပဲ..လာမလည်နိုင်တာ နားလည်ပေးဖို့ရယ်.....အဆင်ပြေရင် ဓာတ်ပုံတွေတင်မယ့်အကြောင်းရယ်.. လက်တို့ထားတာပါ...။အားလုံးကို ချစ်ခင်လေးစားစွာ........ဆားချက်ကြောင်းလေး ပြောလိုက်ပါတယ်.........။

9 Responses to “အကြောင်းပြချက်လေးတော့ ပေးချင်တယ်........”

kay said...

ညီမကြီးရေ- နားးးးးးးးးးးးးးးလည်တယ်။
အဆင်ပြေအောင် နေကြ..သုံးကြကွယ်။
ဒီကြားထဲ..ဓါတ်ပုံအပ် တဲ့လူက..ရှိသေးတယ်။
ကိုအောင်သာငယ်ရေ- မန်းလေးဆောင်ပုံလိုချင်ရင်..ရှိတယ်။ မုန်တိုင်းပြီးမှ သစ်ပင်တွေပြိုနေတဲ့ပုံလိုချင်ရင်တော့ မသိဘူး။း)

မန်းလေးဆောင်ကိုဘာလို့မ၀င်ရတာလဲ။ သူတို့မှာလဲ အကြောင်းကအမျိုးမျိုးပဲနော်။ မြန်မာတယ်လီပို့က ဆာဗာ စက်ပျက်သွားလို့ပါတဲ့။ စက်ပြင်မလို့ဟာမီးမလာ လို့ပါတဲ့။ မီးသမားသွားပြောတော့လဲ အရေးကြီးတဲ့ရပ်ကွက်တွေလှည့်ပေးနေရလို့ပါတဲ့။ ခဏသည်းခံစောင့်ပါတဲ့။ :P

ATN said...

နားလည်ပါသဗျား.....
ညည်းသံတွေကြားရ
အားနာလှပါပြီ...း)

နားလည်ပါဒယ်..နားလည်ပါဒယ်
ဆက်ရေးပါရဲဘော်..
တစ်ကြောင်းတင်လို့ရရ..တစ်ပုံတင်လို့ရရ..:P

MANORHARY said...

စိတ်တော့မပျက်ပါနဲ့ ဒီလိုပဲ ကျော်လွှားကြရတာပဲနော့
ကိုယ်တွေကိုဇွဲကောင်းမကောင်း စစ်ဆေးနေတယ်လို့
သဘောထားလိုက်ပါ ..ခန္တီစပေါ့ညီမရယ်..း)

ထုံစံပေါ့ အစ်မရယ် .. ကိုယ့်ကို သမာဓိစမ်းနေတာလေး) ကွန်နက်ရှင် မြန်မြန်ကောင်းဖိုဆုတောင်းမပေးတော့ဘူး .. တောင်းလည်းမထူးဘူးပဲ :D

Anonymous said...

စောင့်ပါ့မယ် စောင့်ပါ့မယ် စိတ်ရှည်လက်ရှည်စောင့်ပါ့မယ်ခင်ဗျာ

စိတ်မလျှော့နဲ့ညီမလေးရေ...အားတင်းထား
သည်းခံခြင်းသည် အောင်မြင်ရာ၏ဆိုသတဲ့မဟုတ်လား

little brook said...

ဟ... ကျော်ဝင်လာတာတောင် ဆက်ဖတ်ရန်တွေနှိပ်မရဘူး သိလား ..ဒီဘလော့ခ်ကိုရောက်ဖို့ ကိုယ့်ဘလော့ခ်ကိုဖွင့်ဖို့ ချွေးတောင်ပြန်တယ် အကြာကြီးလည်းစောင့်ရတယ် ဟူး...........