Sunday, December 07, 2008

တောင်းပန်ခြင်းနှင့်....ကျနော်မတတ်နိုင်သော..ကဗျာ

ပြောချင်ရာပြောထားပြီး ဘာမှလဲမဟုတ်လို့ထင်ချင်လဲ ထင်ကြပါတော့လေ..။
နေကောင်းကောင်းမကောင်းလို့ ဇာတ်ပွဲလဲသွားမကြည့်ဖြစ်ပါဘူး၊
အိမ်မှာပဲ ကွေးနေမိတယ်..။အားတဲ့အခါ ဘလောဂ့်တွေလည်တယ်..။
သ်ီချင်းခွေတွေ ၀ယ်ဖြစ်တယ်..။ဘိုဖြူရဲ့ ဆန်ရေ၊မာရဇ္ဖရဲ့ 12 " = 1 ' ဆိုတဲ့ခွေ၊
လေးဖြူ၊အငဲ၊မျိုးကြီးတို့ ရဲ့ LMN အခွေ...အဲ့ဒါတွေ နားထောင်ဖြစ်တယ်..။
(သီချင်းတင်ပုံတင်နည်းတွေ လေ့လာနေပါတယ်...နည်းပညာအား အင်မတန်နည်းပါတယ်
ဘလောဂ့်ပေါ်ခြေချတာ 3 လကျော်တဲ့အထိ သ်ီချင်းမတင်တတ်သေးပါဘူး..သိတဲ့လူတွေပြောပြသွားရင်တော့
အထူးကျေးဇူးတင်မယ်(ပါ့)ပ :) ...)

ကြည်အေးရဲ့ ကျမပညာသည် ဖတ်ဖြစ်တယ်..။
မောင်ထွန်းသူရဲ့ အနီအနက်ကိုလဲပြန်ဖတ်ဖြစ်တယ်..။
ချယ်ရီမဂ္ဂဇင်းပေါင်းများစွာ၊စံပယ်ဖြူမဂ္ဂဇင်းပေါင်းများစွာ....။
ဂျာနယ်ပေါင်းများစွာ...၊ကဗျာစာအုပ်ပေါင်းများစွာ...။
တစ်ပုဒ်ပြန်လည်ဝေမျှလိုက်ပါတယ်..။

ကျွန်တော်မတတ်နိုင်သော ကမ္ဘာလောကကြီးထဲသို့ ရောက်ခဲ့သည်
ကျွန်တော် တတ်နိုင်သလောက် ကြိုးစားခဲ့မိသည်။

I've come to a world I can't help much
I've strived as much as I can.

(သုခမိန်လှိုင်..အင်ဒီဝါးဟိုလ်းတို့ ကမ္ဘာ ကဗျာစာအုပ်)

ဆားချက်တယ်လို့ပဲပြောပြော လက်ရှိစိတ်ခံစားမှုနဲ့တော့ တစ်ထပ်ထဲကျနေပါတယ်
ဒါကြောင့် ရင်ဘတ်ထဲဆွဲထည့်ထားလိုက်တယ်..။

5 Responses to “တောင်းပန်ခြင်းနှင့်....ကျနော်မတတ်နိုင်သော..ကဗျာ”

Anonymous said...

တခါတလေလည်း စိတ်ကူးနဲ့ လက်တွေ့အခြေအနေက လွဲတတ်ပါတယ် သွားမယ်လို့ လုပ်မယ်တို့ ပြောမယ်လို့ ဆိုတာလေးတွေပေါ့ သီချင်းတွေနဲ့ စာအုပ်တွေနဲ့ နိပ်ပါ့ အနီအနက် ကိုကြိုက်တယ်။ စံပယ်ဖြူက စာပေသက်သက် လေးတယ် အတွေးအခေါ်နဲ့ စာပေကို ၀ါသနာကြီးတဲ့ လူတွေမှ ဖတ်တာ။ စာကောင်းပေကောင်းလေး မျှဝေပေးတာ ကျေးဇူးပါ

Anonymous said...

ည်ီမရေ့.... Windows Movie Maker ရှိရင်... အဲဒါနဲ့ လုပ်လို့ရပါတယ်... မရှိရင်လည်း... Microsoft ကနေ ဒေါင်းလုပ်ဆွဲ... အင်စတောလ်... လုပ်လိုက်ပါ...

WMM ကို Run ကြည့်လိုက်ရင် တွေ့မှာပါ... အဲလောက် မခက်ခဲပါဘူး။ လိုအပ်တာက... ပုံတချို့နဲ့... ကိုယ်တင်ချင်တဲ့ သီချင်းရဲ့... MP3 file ပဲ...

အဆင် မပြေရင် အကို့မေးလ်ထဲ စာရေးလိုက်...
အသေးစိပ် ပြန်ပြောပြပေးမယ်... ဟုတ်ပြီလား...

ကျန်းမာရေး ဂရုစိုက်ကွယ့်.... အသက်က အတော် ကြီးလာပြီ မဟုတ်လား......း)

အောင်သာငယ်

ကိုယ်မတတ်နိုင်တဲ့ကမ္ဘာကြီးထဲမှာဘာမှမတတ်နိုင်ဘူးလို့
ငြီးနေမယ့်အစားတတ်နိုင်သမျှကြိုးစားနေတာကအကျိုး
များပါတယ်ညီမရေ..
ခင်မင်လျက်...

mirror said...

ဟုတ်ကဲ့ ညီမကိုခုလိုဂရုစိုက်တာ ကျေးဇူးတင်ပါတယ်

ThuHninSee said...

ညီမရေ.. သီချင်းတင်ချင်ရင် Play iconလေးပေါ်ချင်တယ်ဆို.. MP3 formatဖြစ်ရတယ်။ ဒီမှာ
ပြောင်းလို့ရတယ်။
http://media-convert.com/convert/storage.html
နောကwww.fileden.comမှာ register လုပ်လိုက်ပြီး
်.mp3 format ပြောင်းပြီးတဲ့တဲ့ သီချင်းတွေကို Uploadလုပ်ပါ။ သူပေးတဲ့ direct linkက ကုဒ်ကို ပို့စ်က စာလုံးမှာ လင့်ခ်လုပ်ပြီး ထည့်ရင် ရပါပြီ။
တခြားလိုတဲ့ software တော်တော်များများကို naynaynaing.blogspot.comမှာ သွားရှာပါတယ်။