Wednesday, February 06, 2013

သင်းကွဲ


၁၆ နှစ်ကတည်းက သင်းကွဲခဲ့
အခု ငယ်တဲ့အရွယ်လည်းမဟုတ်တော့ဘူး။

သူတို့ပျော်နေကြသလား၊ သူတို့ဝမ်းနည်းနေကြသလား
သို့မဟုတ်
ပျော်တစ်ဝက် ငိုတစ်ဝက် ဖြစ်နေကြသလား
သတ္ထုကြိုးမျှင်တွေကနေတဆင့်၊
ထိုမှတဆင့်တက်ပြီး
လေလှိုင်းကြားကတဆင့် တွက်ဆ/ခဲ့ရ
ဒီည/ ဒီဘဝ။

တခါတရံများကျတော့ မတတ်နိုင်မှုများစွာကို
အတိတ်ကံဆိုပြီး လွှဲချကြည့်တဲ့အခါ
နေသာထိုင်သာပဲ ရှိသွားတော့သလိုလို။

အခု .. ငယ်တဲ့အရွယ်လည်းမဟုတ်တော့ဘူး
ဒါပေမယ့် ထမင်းရည်ပူငှဲ့နေတဲ့ အမေ့ကျောပြင်နား ပါးအပ်လို့ ငိုချင်တုန်း။

မကြေးမုံ
( ၀၇-၀၁-၂၀၁၃ )

One response to “သင်းကွဲ”

အခု .. ငယ္တ့ဲအရြယ္လည္းမဟုတ္ေတာ့ဘူး
ဒါေပမယ့္ ထမင္းရည္ပူငွဲ႔ေနတ့ဲ အေမ့ေက်ာျပင္နား ပါးအပ္လို႔ ငိုခ်င္တုန္း။

ကဗ်ာေလးအရမ္းေကာင္းတယ္ဗ်ာ ။