Saturday, February 25, 2012

အပြန်လမ်း

တိုက်ခတ်နေတဲ့လေတွေက
သိပ်ကြမ်းတာပဲ အချစ်ရယ်
ကိုယ် တကယ်အိမ်မပြန်ချင်သေးဘူး။

အဲ့ဒီ..လေနီကြမ်းတွေတိုက်တဲ့အရပ်မှာ
လေတွေတိုက်တဲ့ လူတွေရဲ့လက်ထဲ
ကိုယ်နဲ့မင်းရဲ့ အနာဂတ်ကို ထိုးထည့်လိုက်ဖို့သတ္တိ
ကိုယ့်မှာ အလျင်းမရှိလို့ပါကွယ်။

မကြေးမုံ
၂၅-၀၂-၂၀၁၂

2 Responses to “အပြန်လမ်း”

အေပီ said...

တခါတလေကျတော့လဲ အဲ့ဒီလေနီကြမ်းတွေတွေကြားထဲပဲ မိုက်မိုက်ကန်းကန်း အတင်းပြန်တိုးချင်နေမိတာကလား..

mirror said...

တို့ကိုက မိုက်လုံးကြီးတာပါ။ :D